ch 19

544 113 2
                                    

အခန်း ၁၉

ကြိုးတစ်ချောင်း ပျက်သွားရင်တောင် ကျန်တဲ့ ကြိုးသုံးချောင်းနဲ့ ဆက်ကစားရဦးမယ်။ ဒါကဘဝပဲ။

-Emerson

***

ရှန်ကျန်း လုံဟွာ ခရိုင်၏ ရှန်ဟယ် အလုပ်သမားဈေးအနီးတွင် အခြားသူများက "ရှန်ဟယ်ရဲ့ နတ်ဘုရားများ" ဟုခေါ်သော လူတစ်စုရှိနေသည်။ ဤလူတို့က တစ်နေ့လုပ် တစ်နေ့စားများ ဖြစ်ကြပြီး ငတ်တစ်လှည့်
ပြတ်တစ်လှည့်နှင့် ဘဝကို ရပ်တည် နေကြ၏။
   သူတို့မှာ အိမ်မရှိ၊ မိသားစုမရှိ၊ တစ်ညကို ၁၅ ယွမ်နဲ့ တရားမဝင်အင်တာနက်ကဖေးတွေမှာ နေထိုင်ကြ၏။ ညဘက်ဆို ဟင်းချိုအကြည်တစ်ပန်းကန်နဲ့ ခေါက်ဆွဲခြောက် တစ်ယွမ်နဲ့ သာဗိုက်ဖြည့်တတ်ကြသည်။

မျှော်လင့်ချက်ကင်းမဲ့ပြီးသူတို့အတွက်  မနက်ဖြန်ဆိုတာမရှိပဲ နေ့စဥ်ဖြတ်သန်းခဲ့ကြရသည်။

ဒါပေမယ့် ဒါကလည်း ဘဝပါပဲ။

2000 ခုနှစ် တွင် ကောင်းကျားရွှမ် သည် စုကျိုး သို့ အလုပ်ရှာရန် ထွက်ခွာခါနီးတွင် ရှန်ကျမ်း မှ ပြန်လာသော ၎င်း၏ ရွာသားများက သည် တောင်ဘက်သို့ သွားလည်ကြည့်ချင်သလားဟု မေးလာကြသည်။

“ပိုက်ဆံ နဲ နောက်ခံလည်းမရှိတဲ့  ငါတို့လို လူတွေက မြို့ကြီးက ကောလိပ်ကျောင်းသားတွေနဲ့ သွားယှဉ်လို့မရဘူး။  ဘာလို့ မြို့ကိုသွား နေမှာလဲ

 နေ့စဉ်စားသောက်ဖို့ လုံလောက်သ၍ ညဘက်ဆို အင်တာနက်ဆိုင် သွားပြီး စီးကရက်တစ်ဘူးကို 50c နှုန်းနဲ့ ဆေးလိပ် တောင်သောက်နိုင်လို့ ရသေးတယ်။ ကောင်းလိုက်တဲ့ဘဝ။ ဘုရားသခင်လို အသက်ရှင်နေရတာပဲ!”

ကောင်းကျားရွှမ် သည် ထိုကိစ္စကိုတွေးနောင် မတွေးခဲ့မိခဲ့ဘဲ ရွာသားတစ်ဦး၏ ဖိတ်ခေါ်မှုကို ချက်ချင်း ငြင်းဆန်ခဲ့သည်။

"ကျွန်တော် ဒီထက်ပိုပြီး အလုပ်ကြိုးစားချင်သေးတယ်"

ဒါနဲ့ သူရဲ့ စုတ်ပြတ်နေတဲ့ ကျောပိုးအိတ်ကို လွယ်ပြီး စုကျိုးသို့ တက်လာခဲ့၏။

ဆင်းရဲတဲ့သူတွေမှာလည်း တခြားဆင်းရဲတဲ့ အဆက်သွယ်များရှိ သေးသည်ပင်။ သူသည် အခြားလူခုနစ်ယောက်နှင့် အတူတွဲငှားလိုက်သည်။ အင်တာနက်နဲ့ တီဗီတွေ မတတ်နိုင်ကြပေမယ့် ငတ်တစ်လှည့်ပျက်တစ်လှည့် ထက်တော့ ပိုကောင်း၏။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now