ch 99

247 50 1
                                    

အခန်း ၉၉

တစ်ချို့လူတွေက အသက်ဆယ့်ရှစ်နှစ်မှာ သေဆုံးသွားကြရင်တောင် အသက်ရှစ်ဆယ်အထိ သင်္ဂြိုဟ်မခံရပေ။

တစ်ချို့လူတွေကတော့ အသက်ဆယ့်ရှစ်နှစ်မှာ သင်္ဂြိုဟ်ခဲ့ပြီးနောက် အသက်ရှစ်ဆယ်အထိ အသက်ရှင်နေ ကြလေ၏။

မသေဆုံးမီ အရင် သင်္ဂြိုဟ်ခဲ့တဲ့ ဝမ်ယွယ်ချင်း က ပုံပြင်တစ်ပုဒ်ကို ပြောပြလာခဲ့သည်။

……

စုကျိုးမြို့က ပထမအဆင့်မြို့မဟုတ်သော်လည်း တရုတ်နိုင်ငံတစ်ခုလုံးတွင် အကောင်းဆုံးမြို့ တွေထဲမှ တစ်မြို့ဖြစ်သည်။ ဝမ်ယွယ်ချင်း မွေးဖွားစဉ်က ဝမ် မိသားစုက စုကျိုးမြို့ တွင် အချမ်းသာဆုံးမဟုတ်ပေ။ ထိုနေ့တွင် ရာနှင့်ချီသော ခိုဖြူများက စုကျိုးမြို့ ဆေးရုံတွင် ဝိုင်းဖွဲ့ကာ ရောင်စုံငှက်မျိုးစုံမှာလည် ၎င်း နောက်မှ လိုက်လာခဲ့ကြ၏။

ထောင်ပေါင်းများစွာသော ငှက်များက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားရာ ကောင်းကင်မှာ ရုတ်တရက် မှောင်မိုက်သွားကြပြီး လမ်းသွားလမ်းလာများပင် ကြည့်ရှုရန် စုရုံးလာခဲ့ကြသည်။

ဒါကိုကြားတော့ လျန်ရှီ က “တကယ်လည်း  ကျွန်တော် ငယ်ငယ်တုန်းက ကောင်းကင်မှာ ငှက်တွေ အများကြီး ပျံနေတာကို စုကျိုးမြို့မှာ တွေ့လိုက်ရသေးတယ်ထင်တာပဲ"

ဝမ်ယွီယွမ် က သူ့ကို ကြည့်လာပြီး "ဒါဆို ငှက်တွေ အများကြီး ကလွဲရင် အဲဒီနေ့က ထူးခြားတာတစ်ခုခု မှတ်မိသေးလား။"

လျန်ရှီ ခေါင်းယမ်းလိုက်သည်။ ထိုအချိန်က သူအတော်လေး ငယ်ရွယ်သေးသဖြင့် ကြီးပြင်းလာသောအခါတွင်သာ ထိုအကြောင်း အခြားသူများထံမှ ကြားသိရတာပင်။

ဝမ်ယွီယွမ် က "အဲဒီနေ့က ငလျင်လှုပ်တယ်"

လျန်ရှီ ၏ မျက်လုံးများ ပြူးကျယ်သွားပြီး "ဘာကြီး"

ဝမ်ယွီယွမ် - "ပြင်းအား ၁.၉ ရှိတဲ့ ငလျင်"

လျန်ရှီ က အံ့အားသင့်သွားပြီး "တကယ်ကို အဆင့် 1.9 ရှိတာလား?"

ဘေးကကောင်းကျားရွှမ် က သူ့ပတ်ဝန်းကျင်ကလူတွေကိုကြည့်ကာ

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now