ch 50

350 70 1
                                    

အခန်း ၅၀

လျန်ရှီ ဦးလေးလီ ကို အိမ်ပြန်ခေါ်သွားတဲ့အခါ သူ့အခန်းဖော်က ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ဂိမ်းဆော့နေ၏။

"မင်းအိပ်မက်တွေကို သစ်ရွက်ခြောက်တွေမှာ ဖုံးကွယ်ထားရမယ် မဟုတ်ရင် အိပ်မက်တွေက ဆိုးသွားလိမ့်မယ်~"

လက်ကိုင်ဖုန်းရဲ့ စပီကာအသံပေါက်မှ သမင်သမင်ချိုလေး၏ အသံ ထွက်‌ပေါ်လာကာ တံခါးဖွင့်သံကိုပါ ကြားလိုက်ရသဖြင့် လဲ့ချန် မော့ကြည့်လိုက်သည်။အိမ်ထဲသို့ လျန်ရှီ၏အနောက်မှ  လိုက်ပါလာသော သက်လတ်ပိုင်း အမျိုးသားအပေါ် သူ့အကြည့်များက ရောက်သွားလိုက်သောအခါတွင် သူ အနည်းငယ် တုန့်ဆိုင်းသွားခဲြသည်။

အိုး?

Mr.လဲ့ သည် ၎င်းကို ပေါ့ပေါ့တန်တန်သာ ကြည့်ပြီး မှတ်ချက်မပေးဘဲ ခေါင်းငုံ့ကာ ဂိမ်းကို ဆက်ကစားနေ၏။

လျန်ရှီ က "ဦးလေးလီ ၊ ဒါက ကျွန်တော့်အခန်းဖော်လေ၊ ကျွန်တော်တို့ အိမ်ကို မျှပြီး နေကြတာ " လို့ ပြောပြီး လဲ့ချန်အား  " လဲ့ချန် ၊ ဒါက အရင်က ကျွန်တော်ရဲ့ အိမ်နီးနားချင်းဟောင်း ဦးလေး လီ လမ်းမှာ တွေ့လို့ ညစာအတူစားဖို့ ခေါ်လာခဲ့တာ။"

ဟေးဝူချန် က ခေါင်းတောင်မထောင်ဘဲ "အိုး"

ဦးလေးလီက ခြောက်သွေ့စွာ ပြုံးပြီး ခေါင်းညိတ်ပြရင်း "ရှောင်လျန် ၊ မင်းရဲ့ အခန်းဖော်က... နည်းနည်း"

အမြဲတမ်း မာနကြီးပြီး စိတ်ပိုင်းဆိုင်ရာ EQဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးတယ်မလား...

လျန်ရှီ မြွေသားရေအိတ်ကြီးနှစ်လုံးကို မီးဖိုချောင်ထဲသို့ သယ်ဆောင်သွားပြီး  ချိတ်ဆွဲပြီးနောက် ထွက်လာခဲ့သည်။ .

"ဒီပြောင်းဖူးက ဒီနွေကပဲ စိုက်ထားတာ။ အားလုံးက ကောက်ညင်းပြောင်းတွေပဲ။ ပြုတ်စား လည်း အရသာရှိတယ်။"

"ဒီမနက်က ကောက်ညှင်းဆီဝယ်ဖို့ ဈေးသွားခဲ့တာလေ။ ဟီးဟီး၊ ငါ့မိသားစုက ဒီနှစ် ဆီဆိုင်ကနေ ကီလိုဂရမ်သုံးဆယ်ကျော်လောက် ဝယ်ပြီးသိမ်းထားတာ။ နောင်ကျ မင်းစားချင်သေးရင်  ဦးလေးကိုသာ ပြောပြ၊  မင်းကိုပို့‌ပေးလိုက်မယ်။"

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now