ch 72

345 74 0
                                    

အခန်း ၇၂

       
"ကောင်းပြီ မငိုနဲ့တော့။"

အစည်းအဝေးခန်းထဲ ပြန်ဝင်လာတော့ လီ မိသားစုရဲ့ သားအကြီးဖြစ်သူ လီယုံသယ် က အဒေါ်တွေနဲ့ ဇနီးမယားတွေ ပြည့်နေတဲ့ အခန်းကို ကြည့်ပြီး  စိတ်မရှည်သလို ခံစားရ၏။

ယခင်က သူနှင့်မဆက်ဆံခဲ့ဖူးသော ကျေးလက်ဒေသမှ ဝေးကွာသော ဆွေမျိုးများကို ဖိတ်ခေါ်ရန်အတွက် အလွန်ကြိုးစားခဲ့ရပြီး လူအများအပြားကို ဆေးရုံသို့ လာရန် ဖိအားပေးခဲ့ရသည်။

ဤအဘိုးကြီးများနှင့် အမျိုးသမီးများအားလီယုံသယ်က အစားအသောက်နှင့် နေရာထိုင်ခင်းကို ပံ့ပိုးပေးရသည့်အပြင်  ဆန္ဒပြရန် တစ်ရက်လျှင် ယွမ်သုံးဆယ်ပေးရ သေးသည်။

ယခုမူ နှစ်ဖက်ကြားတွင် မတည်မငြိမ်ဖြစ်နေချိန်၌၊ ဆေးရုံမှ လျော်ကြေးငွေကိုမရသေးတဲ့အပြင် အချိန်အတော်ကြာ  သူကျွေးထားရသော  ထိုအမျိုးသမီးများက အတင်းပြောနေတာကို မြင်လိုက်ရသဖြင့် အလွန်စိတ်တိုသွားခဲ့သည်။

       

အသက်ငါးဆယ်အရွယ် အဘွားအိုတစ်ယောက် ငိုချင်ယောင် ဆက်မဆောင်တော့ဘဲ ဘေးကလူက သူ့လက်မောင်းကို လှမ်းတို့လိုက်ရာ

"တူလေး…ညစာ စားချိန် ရောက်နေပြီလေ"

လူတစ်စုက လီယုံသယ် ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြသည်။

လီယုံသယ် သူတို့ဘာကိုဆိုလိုသည်ကို နားလည်လိုက်သဖြင့် သူ၏ရွံရှာမှုက ပို၍ပြင်းထန်လာကာ သူ့အိတ်ကပ်ထဲမှ ယွမ်နှစ်ရာကို ထုတ်လိုက်ပြီး "ခင်ဗျားတို့အရင်စားသွားကြ"

ငွေရပြီးနောက် အဝေးမှ ဆွေမျိုးများက လူစုခွဲကာ ထမင်းသွားစားကြသည်။ ရုတ်တရက် လီညီအကိုနှစ်ယောက်၊ သူတို့ရဲ့ဇနီးတွေနှင့် လီယုံရီမှ ဖိတ်ကြားထားသော ရှေ့နေတို့သာ အစည်းအဝေးခန်းထဲတွင် ကျန်ခဲ့သည်။

ပြင်ပလူများမရှိတော့သဖြင့် လီ မိသားစု၏ အကြီးဆုံးချွေးမဖြစ်သူက ထူးဆန်းသောလေသံဖြင့် ပြောလာခဲ့သည်- "ဒုတိယ အစ်ကို၊ ဒီလူတွေက အသုံးဖြန်းမကြီးလွန်းဘူးလား ရက်ပိုင်းအတွင်း စုစုပေါင်း ယွမ်သုံးထောင်တောင် ကုန်ခဲ့ပြီးပြီ”

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now