ch 75

323 63 0
                                    

အခန်း ၇၅

ထူထပ်နေလျက် တိမ်များက လကို ဖုံးလွှမ်းသွားကာ ညဉ့်မှာ နက်သထက်နက်လာနေပြီ။

ယုတ္တိဗေဒအရပြောရလျှင် တစ္ဆေဖမ်းခြင်းဟူသည် စုကျိုးမြို့ တတစ္ဆေအရာရှိ ၏အလုပ်ဖြစ်ကာ လျန်ရှီ နှင့် လဲ့ချန် တို့ရဲ့အလုပ်ဖြစ်သည်။
   
ဒါပေမယ့် ဘယ်အချိန်ကစလာသလဲဆိုတာတော့ မသိပေမယ့် ကင်းစောင့်ရဲ့ ဝန်ထုပ်ဝန်ပိုးပါဖြစ်လာခဲ့လျက်။ သို့သော် ကင်းစောင့်မှာ ၎င်းကို နှစ်သက်လှပြီး နေ့တိုင်း တစ္ဆေဖမ်းရင်း ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းနေလေ၏။

သို့ပေမယ့် သူ့တွင်လည်း အမြဲ ဒုတိယလို့ ခေါ်ခံရတဲ့ နောင်တတစ်မျိုးရှိလေသည်။

မြေအောက်ကမ္ဘာတွင်ရှိစဉ် ကင်းစောင့်မှာ ကျောင်းနန် ပြည်နယ်မှ ပိုင်ဝူချန် ဖြစ်ကာ သူ ရဲ့လုပ်ဖော်ကိုင်ဖက်ထက် အမြဲနိမ့်ကျနေခဲ့ပြီး သူ၏အနာဂတ်ကို မမြင်နိုင်ခဲ့ပေ။ သူ မရဏနိုင်ငံသို့ ရောက်သောအခါတွင်လည်း၊ စုကျိုးမြို့ တစ္ဆေအရာရှိကို အနိုင်မယူနိုင်ခဲ့ ပေမယ့် ကျောင်းစု၊ကျယ်ကျောင်း၊ နှင့် ရှန့်ဟိုင်း ရဲ့ အခြားနေရာများရှိ အဆင့်နိမ့်တစ္ဆေ အရာရှိတွေကိုတော့ အမြဲအနိုင်ယူနိုင်တယ် မဟုတ်ပါလား?

ဒါ့ကြောင့် သူ အနှစ်တစ်ရာအတွင်း နောက်ထပ်တစ်ကြိမ် ဒုတိယမြောက်လူ ဖြစ်လာခဲ့လေပြီ။

အမြဲ ဒုတိယလူမှာ  ကြိုးစားရ သော်လည်း အမြဲ အပြစ်ပြော ခံရလေ၏။
   
ကင်းစောင့်က ဒေါသအရမ်းထွက်လွန်းလို့ ခုန်ဆွ ခုန်ဆွ ဖြစ်နေလေရဲ့။ ဒီ အနှစ်တစ်သောင်းအတွင်း ပထမနေရာ မရောက်နိုင်တာကို ငါလုံးဝမယုံနိုင်ဘူး!
    
ထို့ကြောင့် ကင်းစောင့်က နေ့တိုင်း သရဲတစ္ဆေဖမ်းရန် လုံ့လစိုက်ထုတ်ပြီး သူ့ရဲ့မှတ်တမ်းထဲမှ အမှတ်ကသာ က အလုံအလောက်ရှိမှသာထမင်းတစ်ပန်းကန် စားနိုင်လေသည် ။

သူ ရပ်ရွာအနီးတွင် တစ္ဆေဖမ်းနေစဉ် အိမ်မှမထွက်မီတွင် လဲ့ချန်ကတစ္ဆေဖမ်းမလို့ လာခဲ့ဖို့ သတိပေးခဲ့ကြောင်း ကင်းစောင့်က မှတ်မိလိုက်၍ လျစ်လျူမရှုဝံ့ဘဲ အိမ်သို့ တိုက်ရိုက်သာပြန်ခဲ့သည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now