ch 11

718 124 1
                                    

အခန်း 11 – လေတိုက်ခြင်းကြောင့် မဟုတ်ဘဲ သူ့နှလုံးခုန်သံကြောင့် ဖြစ်သည်။

တစ္ဆေမိန်းမ၏ဝိညာဉ်သည် ကြယ်ရောင်နှင့်တူပြီး ညအမှောင်တွင် ပြန့်ကျဲနေသည်။

လျန်ရှီ သည် လက်နှစ်ဖက်ကို ပွတ်ကာ ခါလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

တ‌‌စ္ဆေမိန်းကလေး၏ သေခြင်းတရားကို အကြာကြီးထိတ်လန့်နေခဲ့သော စုကျောင်း ကို လှည့်ကြည့်ကာ တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

"ငါတို့အိမ်ပြန်တော့မလား ငါ့ တိုက်ရိုက်ထုတ်လွှင့်ဖို့ ရှိသေးတယ်။”

စုကျောင်း: "...."

မင်းက တိုက်ရိုက်ထုတ်လွှင့်မှုကို အမှန်တကယ် လုပ်ချင်သေးတာလား။

မင်းသတ်လိုက်တဲ့ သရဲမလေးကို မင်းမျက်နှာသာနည်းနည်းပေးလို့မရဘူးလား။

စက္ကန့်အနည်းငယ်ကြာပြီးနောက် စုကျောင်း ပြန်လည်ကောင်းမွန်လာပြီး သူ့နောက်သို့ လိုက်သွားခဲ့သည်။ "ဟင့်အင်း မင်း ဒီလောက်ရက်စက်မှန်း ငါဘယ်တုန်းကမှ မသိခဲ့ဘူး။ သူလည်း  မိန်းကလေးဖြစ်ခဲ့တာပဲ လေah….”

လျန်ရှီ က ခေါင်းငုံ့ပြီး သူ့ကို ထူးဆန်းစွာ ကြည့်နေသည် ။

"လူတွေကိုသတ်တဲ့ အန္တရာယ်ရှိတဲ့ သရဲတစ္ဆေတွေအပေါ် မှာလည်း မင်းကသနားတတ်တယ် ပေါ့။"

စုကျောင်း က ဘာမှပြန်မပြောနိုင်။

လျန်ရှီ က “အညိုးကြီးတစ္ဆေတွေကို လျှော့မတွက်နဲ့။ ကလေးဖြစ်ရင်တောင်မှ..."

  သူ့အသံက ရုတ်တရက်ရပ်သွားပြီ ခဏအကြာတွင် သူက ဆက်ပြောသည်။ “ကလေးတစ်ယောက်ဆိုတောင် အညိုးကြီးတစ္ဆေဖြစ်နိုင်တယ်။”

စုကျောင်း: "အင်း၊ မင်းပြောတာမှန်တယ်။"

ခဏအကြာ။

စုကျောင်း - "ဒါပေမယ့် မင်း သူ့စိတ်ဝိညာဉ်ကို လုံးလုံးမပြန့်ကြဲသေးခင်မှာပဲ"

လျန်ရှီ က သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး "****?!"

စုကျောင်း က အံ့အားသင့်သွားသည် "မင်းလည်း ဆဲတတ်တယ်ပေါ့"

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now