Chapter 514

542 29 3
                                    

စာစဉ် 35 Chapter 514 ကိုယ့်ကိုယ်ကိုယ် ပြန်သတ် ဟုတ်လား၊ ယီးပဲ

အကြီးအကဲ ဟီရှိုရှီ၏ စကားကို ကြားသောအခါ သခင်လေး ထာခဲရှီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး စောင့်ကြည့်ကင်မရာထဲမှ ရဲ့လင်းချန်ကို အာရုံစိုက်၍ ကြည့်နေသည်။

အကြီးအကဲ ဟီရှိုရှီက ရဲ့လင်းချန်ကို သေမိန့်ချလိုက်ပြီ ဖြစ်သဖြင့် ရလဒ်က အလွန် မြင်မကောင်း ဖြစ်လာတော့မှာ သေချာပေသည်။ သူ တစ်စက္ကန့်လေးမှ လွတ်မသွားစေရန် သေချာ စောင့်ကြည့်မှ ဖြစ်ပေမည်။ ရဲ့လင်းချန်၏ ကံကြမ္မာဆိုးကို သူကိုယ်တိုင်ကိုယ်ကျ မြင်ချင်မိသည်။ ထိုခံစားချက်က ... ထူးခြားနှစ်သက်စရာ ကောင်းနေလောက်သည်။

ဒုတိယထပ်၌ ...

"သေပေတော့"

ထိုသက်ရှိ ဆယ့်ငါးကောင်သည် လူသားဟုပင် သတ်မှတ်၍ မရနိုင်တော့သည့် ကြောက်စရာကောင်းသော သက်ရှိများ ဖြစ်လေသည်။ သူတို့၏ ခွန်အားကို ဆယ်စက္ကန့်တိတိ စုဆောင်းပြီးနောက် သူတို့၏ အဖျက်စွမ်းအင်က တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။

သူတို့သည် ပြေးတက်လာသည်နှင့် သွေးဆာသော မာန်ဖီသံများနှင့် အော်ဟစ်သံများကို ပြုလုပ်လာကြသည်။ ထိုမြင်ကွင်းက ကြောက်စရာ ကောင်းသလို ကြမ်းကြုတ်လှသည်။

ထိုသို့သောအချိန်၌ သူတို့ ဘေးပတ်လည်မှ လေထုသည် အေးခဲလာသည်ဟု ထင်မှတ်ရသည်။ သူတို့၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များက ဆက်တိုက် ထွက်ပေါ်လာသည်။ ထို့အပြင် လူသတ်လိုသော အငွေ့အသက်၌ ဒေါသနှင့် ရန်လိုမှုတို့ ရောယှက်နေ၏။ သူတို့ ဆယ့်ငါးယောက်လုံး အတူတကွ ရှေ့တက်လာသောအခါ သတ်ဖြတ်လိုသော အငွေ့အသက်က အလွန်အမင်း ပြင်းထန်လာပြီး ရုပ်လုံးပေါ် လာသည်ဟုပင် ထင်မှတ်ရကာ အသက်ရှူရ ခက်လာသည်။

ထိုခံစားချက်သည် လူတစ်ယောက်က ရန်လိုသော ကျားဆယ့်ငါးကောင်၏ ဝိုင်းထားခြင်း ခံရပြီး တစ်ပြိုင်တည်း ခုန်အုပ်သည်ကို ခံနေရသည်နှင့် ဆင်တူလှသည်။ တိုက်ခိုက်ရန်ပင် ခက်ခဲပေသည်။

ထိုမျှနှင့် မပြီးသွားချေ။ ခွန်အားနှင့် လျင်မြန်မှုတို့ တိုးတက်လာသော ထိုဆယ့်ငါးယောက်သည် ယခင်က သူတို့ သင်ယူခဲ့သော သိုင်းပညာများကို အလိုလို ထုတ်သုံးလာကြသဖြင့် ဓားရောင်များ တလက်လက် ဖြစ်လာသေလည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now