စာစဉ် 36 Chapter 529 ဘာတွေဖြစ်နေတာလဲ
"အားလုံး စိတ်မပူကြပါနဲ့၊ ခင်ဗျားတို့ရဲ့ ကလေးတွေ သေချာပေါက် အဆင်ပြေတယ်လို့ ကျွန်တော် အာမခံ ပါတယ်"
ရဲ့လင်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ယခုတစ်ခေါက်တွင် သူ၏ စကားက ပို၍ ယုံကြည်စရာ ကောင်းနေပြီး လူတိုင်း၏ မျက်လုံးများအား တောက်ပ သွားစေပြီး မျှော်လင့်ချက်တို့နှင့် ပြည့်နှက်လာစေသည်။
လူထုက လေးစားသော လူတစ်ယောက်၏ စကားက လမ်းပေါ်မှ ဖြတ်သွားဖြတ်လာ တစ်ယောက်၏ စကားများထက် ပို၍ ယုံကြည်ရပြီး လူတိုင်း အလိုလို ယုံကြည်သွားကြသည်။
"ရဲ့နတ်ဘုရား၊ မင်း ... မင်းမှာ အတွင်းသတင်းများ ရှိနေတာလား၊ ငါ ... ငါ ..."
လူတိုင်းက ရဲ့လင်းချန်ကို စိတ်လှုပ်ရှား၍ စိုးရိမ်ပူပန်သော အကြည့်များဖြင့် ကြည့်လာကြသည်။ သူတို့ ဘာပြောရမလဲမသိ ဖြစ်နေကြလေသည်။
"လူငယ်လေး၊ မင်း တကယ် ပြောနေတာလား၊ ငါ့မြေးက တကယ်ပဲ အဆင်ပြေတာလား"
အဘွားအိုက ရဲ့လင်းချန်၏ လက်ကိုကိုင်၍ တုန်ယင်စွာ မေးလာသည်။
"အမှန်ပါ"
ရဲ့လင်းချန် ခေါင်းညိတ်၍ မေးလိုက်သည်။
"အရမ်းကြီး စိုးရိမ်မနေပါနဲ့၊ ရဲတွေ ရောက်လာတဲ့အထိ စောင့်ပါဦး"
"ကလေး ဘေးကင်းရင် ရပါပြီ၊ သူ အဆင်ပြေရင် ပြီးတာပါပဲ"
အဘွားအိုက တီးတိုး ရေရွတ်နေသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ ငါတို့ စောင့်နေမယ်"
အခြားသူများကလည်း စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြီး သူတို့လက်များကို ပွတ်သပ်နေကြသည်။ ထို့နောက် သူတို့သည် စိုးရိမ်ပူပန်မှုကို ဖြေဖျောက်ရန် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။
ထိုသို့သောအချိန်၌ လျှိုစန်းရွှေ၏ ကြောက်လန့်နေသော အကြည့်အောက်၌ ရဲ့လင်းချန်က သူ့အရှေ့သို့ လျှောက်လာပြီး အေးတိအေးစက် ပြုံးနေသည်။
"မင်းမှာ အခြား အဖော်တွေ ရှိသေးလား ပြော၊ လိုက်နေတဲ့ လူမိုက်အဖွဲ့တွေ အားလုံးကို ပြောပြ၊ မဟုတ်လို့ကတော့ ... ဘာဖြစ်မလဲ မင်း သိတယ်မလား"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️