စာစဉ် 36 Chapter 526 အလွန် ရွံရှာစရာကောင်းခြင်း
"မင်း ကလေးကို ရှာတွေ့နိုင်သရွေ့ ငါ့ကို ပြောသာပြောပါ၊ ငါ သေချာပေါက် ပူးပေါင်းပါ့မယ်"
အဘွားအိုက ချက်ချင်း သူမသဘောထားကို ဖော်ပြပြီး စိတ်အားထက်သန်စွာ မေးလေသည်။
"ဘယ်လောက် လိုတာလဲ၊ မင်း ဘယ်မှာ ရှာနိုင်မလဲ"
"အခုချိန်မှာ အဲ့လောက်ထိ စိတ်မပူပါနဲ့ဦး"
ထိုလူက အသာအယာ ပြုံးနေသည်။ သူ ငါးစာချနိုင်မည့် အချိန်ကို ရောက်လာလေပြီ။ သို့မှသာ သူတို့အားလုံးကို သူ အမိဖမ်းနိုင်ပေမည်။ ယခုအချိန်၌ သူသည် ပိုက်ဆံကို ဘေးချိတ်ထားပြီး သူ၏ ကုမ္ပဏီကို စတင်၍ မိတ်ဆက် လေသည်။
"ကျွန်တော်တို့ ကုမ္ပဏီကို တည်ထောင်ခဲ့တာ ငါးနှစ်ရှိသွားပါပြီ၊ ပြီးတော့ ကျွန်တော်တို့ လူတွေကို ပျောက်ဆုံး ပစ္စည်း အနည်းဆုံး သုံးထောင်လောက် ကူညီပြီး ရှာဖွေနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အမှုသည်ကို ဝန်ဆောင်မှုပေးဖို့ပါ၊ အမှုသည်တွေ မကျေနပ်မချင်း ကျွန်တော်တို့ ရပ်တန့်မှာ မဟုတ်ပါဘူး၊ ကျွန်တော် လိမ်နေတာ ဟုတ်၊ မဟုတ်ကို အင်တာနက်ပေါ်မှာ ရှာကြည့်လို့ ရပါတယ်၊ ကျွန်တော်တို့ရဲ့ URL လိပ်စာကို ကဒ်မှာ ရေးထားပါတယ်၊ ခင်ဗျားတို့ ဆိုဒ်ထဲကို ဝင်ကြည့်လို့ ရပါတယ်"
"ရပါတယ်၊ ငါ မင်းကို ယုံတယ်၊ ဘာတွေ လုပ်ဖို့လိုလဲဆိုတာကိုပဲ ပြောပါ"
အဘွားအိုသည် တွေးခေါ်မြော်မြင်နိုင်စွမ်း လုံးလုံး ပျောက်ဆုံးနေလေပြီ။ လက်ရှိတွင် သူမ အလိုချင်ဆုံးမှာ သူမ မြေးကို ရှာတွေ့ရန် ဖြစ်ပြီး အခြားအရာအားလုံးက သူမအတွက် အဆင်ပြေလေသည်။ ကလေးက သူမရှေ့၌ ပေါ်လာသရွေ့ သူမ ပိုင်ဆိုင်သမျှ အရာအားလုံးကို ထုတ်ပေးရန် ဆန္ဒရှိနေသည်။
"လူငယ်လေး ပွင့်ပွင့်လင်းလင်း ပြောပါ၊ ငါတို့ကို ယဉ်ကျေးနေစရာ မလိုဘူး၊ မင်း ကလေးကို ရှာပေးနိုင်သရွေ့ ကျန်တာအားလုံး အဆင်ပြေတယ်"
"ဟုတ်တယ်၊ ဒီလောကမှာ အလကား စားရတာ မရှိဘူးဆိုတာ ငါတို့အားလုံး သိတယ်၊ မင်း ဘာလိုချင်လဲ ဆိုတာကိုသာ ပြောပါ"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️