Chapter 525

168 13 0
                                    

စာစဉ် 35 Chapter 525 တူညီသော ပညာရှင်

အဘွားအိုသည် သူမလက်ထဲမှ ဓာတ်ပုံကို ပွတ်နေပြီး ရုတ်တရက် အသံက ပြာအက်လာသည်။

"ကြည့်ပါဦး၊ ငါ့မြေးလေးက သိပ်ချစ်ဖို့ ကောင်းတာ၊ သူက နှစ်နှစ်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ သူက တအား စကား နားထောင်တာ၊ ငါ မသွားနဲ့လို့ ပြောရင် သူက မသွားဘူး၊ ဆယ်စက္ကန့်ပဲ ရှိသေးတာကို ဘယ်လိုလုပ် သူက ပျောက်သွားရတာလဲ"

"ကလေးရဲ့ မိဘတွေက ငါ့ကို ယုံကြည်ပြီး အပ်ထားခဲ့တာ၊ ဒီလိုမျိုး ဖြစ်သွားတော့ ကလေးမိဘတွေကို ငါ မပြောရဲဘူး၊ သုံးရက်တောင် ရှိနေပြီ ..."

အဘွားအိုသည် မျက်လုံးထောင့်ကို ပွတ်နေပြီး ဓာတ်ပုံကို ကြည့်နေချိန်တွင် စကားပြောရ ခက်ခဲနေ၏။

"အဘွား စိတ်မပူပါနဲ့၊ ကျွန်တော်တို့ သေချာပေါက် ကလေးကို ရှာတွေ့မှာပါ၊ သူက ဒီညတောင် ပေါ်လာပြီး အဘွားကို အံ့ဩအောင် လုပ်ချင်လုပ်ဦးမှာပါ"

ရဲ့လင်းချန်က နှစ်သိမ့်လိုက်သည်။

ဤလူတစ်စုလုံးက ကလေးတွေကို လိုက်ရှာနေခြင်း ဖြစ်ပုံရသည်။ ရဲ့လင်းချန်သည် သူမမြေး၏ အခြေအနေနှင့် ပတ်သက်၍ ပြောပြချင်သော်လည်း ရှုပ်ထွေးမှု မဖြစ်ရန် ရှုနန် ရောက်လာသည်အထိ သူ စောင့်နေရန် လိုအပ်ပေသည်။

ဆူညံပွက်လောရိုက်မှု အလယ်၌ ကလေးတစ်ယောက် အကြောင်း မှားပြောမိလျင် မကောင်းပါ။

"လူငယ်လေး၊ မင်း တက္ကသိုလ်ကနေတောင် ဘွဲ့မရသေးဘူး မဟုတ်လား၊ မင်း အရမ်း တုံးအလွန်းတာ မဆန်းပါဘူး"

လူလတ်ပိုင်းအရွယ် ဦးလေးကြီးတစ်ယောက်က ရဲ့လင်းချန်ကို ဘေးဘက်မှ ကြည့်နေသည်။ သူ၏ စိတ်အခြေအနေက အလွန်အမင်း ဆိုးရွားနေပြီး စကားများကလည်း အလွန် ရင့်သီးလေသည်။

"ဘာအံ့ဩစရာများ ရှိနိုင်လို့လဲ၊ ငါ ဒီမှာ နေ့ရော ညပါ စောင့်နေခဲ့တာ၊ ဒါပေမဲ့ ဘာသတင်းမှ ငါ မရသေးဘူး"

"ဟုတ်တယ်၊ ငါတို့ ဒီကို လာတော့ အဲ့ကောင်တွေက တံခါးကို ပိတ်ပြီး အပြင်ကို မထွက်ဘူး၊ ဒါမှမဟုတ် သူတို့ ဒီပြဿနာကနေ ဘေးရှောင်နေတာပဲ ဖြစ်မယ်၊ ငါတို့ သူတို့အပေါ် မျှော်လင့်ချက် ထားမိရင် သူတို့တွေ ကလေးတွေကို ရှာနိုင်ပါ့မလားတောင် ငါတို့ မသိဘူး"

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now