စာစဉ် 23 Chapter 473 ကောင်းကင်ဘုံက မျှတတယ်
"ရှားဟိုင်ချွမ်၊ မင်း ဒါကို ဘယ်လိုတောင် လုပ်ရဲတာလဲ"
ဥက္ကဋ္ဌရှုက ရှားဟိုင်ချွမ်ကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်သည်။ သူ၏ နဖူး၌ သွေးကြောများ ထောင်နေပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
"ငါက ဘာလို့ မလုပ်ရဲရမှာလဲ"
ရှားဟိုင်ချက်က မျက်မှောင်ကြုတ်သွားသည်။ သူ့အကြည့်က ကြောက်စရာကောင်းသော အကြည့်သို့ ပြောင်းလဲ သွားသည်။
"ငါ မင်းကို အခွင့်အရေး ထပ်ပေးမယ်၊ ဝမ်ရုံ နည်းပညာရဲ့ ရှက်ယာတွေနဲ့ နည်းပညာအားလုံးကို လက်လွှဲပေး၊ အဲ့လိုလုပ်ရင် မင်းတို့ အသက်တွေကို ချမ်းသာပေးမယ်"
"ရှားဟိုင်ချွမ်၊ မင်း ရူးနေပြီ၊ မင်း အဲ့လိုလုပ်ရင် မင်းကံကြမ္မာက ဘာဖြစ်သွားမယ်လို့ ထင်နေလဲ"
ဥက္ကဋ္ဌ အိုးရန်က လှောင်ရယ်သည်။
"အခု နောက်ဆုတ်လည်း နောက်မကျသေးဘူး"
"နောက်ဆုတ်ရမယ် ဟုတ်လား၊ မင်း ငါ့ကို ရယ်ပြီး သေအောင်လုပ်ဖို့ ကြိုးစားနေတာလား"
ရှားဟိုင်ချွမ်က သူ့အနီးအနားမှ လူများကို အထင်အမြင်သေးစွာ ရယ်မောလေသည်။
"မင်း လက်လျှော့ဖို့ အချိန်တန်ပြီနဲ့ တူတယ်"
ထိုသို့ပြောပြီး သူက လက်ခုပ်တီးလိုက်သည်။ ဘေးချင်းကပ် အခန်းတစ်ခန်းစီမှ လူငါးယောက်က ချက်ချင်း ထွက်လာပြီး သီးသန့်ခန်းထဲသို့ ဝင်လာကြသည်။
စုစုပေါင်း လူဆယ်ယောက် ရှိပြီး တစ်ယောက်ချင်းစီတိုင်းမှ လူသတ်သမား အငွေ့အသက် ထွက်ပေါ်နေသည်။ သူတို့က ဝတ်စားပုံ မတူညီသော်လည်း အားလုံးက အဝတ်အစားပေါ်၌ ထူးခြားသော သင်္ကေတတစ်ခု ပါသော အနက်ရောင် အဝတ်အစားကို ဝတ်ထားကြသည်။ သူတို့က ခုခံနိုင်စွမ်း မရှိသည့် အဖွဲ့အား အထင်သေးဟန်ဖြင့် ကြည့်နေသည်။
"သူတို့က ... နိုင်ငံခြားသားတွေလား"
ဥက္ကဋ္ဌရှု၏ အမူအရာ ပြောင်းလဲသွားသည်။ အစောပိုင်းကနှင့် ယှဉ်လိုက်လျင် သူ၏ စိတ်နှလုံးက လုံးဝ ဆောက်တည်ရာ မရတော့ချေ။ သူ့စိတ်ထဲ၌ မခံမရပ်နိုင် ဖြစ်စိတ်နှင့် ဒေါသစိတ်တို့ ပြည့်နှက်လာပြီး တစ်ကိုယ်လုံး ကြက်သီးထလာ၏။
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️