စာစဉ် 35 Chapter 521 မကြာခဏဆိုသလို အရမ်း ရက်စက်တာပါလား
လင်းအောင်၏ နှလုံးသားသည် တစ်စစီ ကွဲကြေနေလေသည်။ အကြောင်းမှာ ရဲ့လင်းချန်ကဲ့သို့သော လူထူး လူဆန်းနှင့် ဆုံခဲ့ရသောကြောင့် ဖြစ်သည်။
ယေဘုယျအားဖြင့် ပြောရမည်ဆိုလျင် သိုင်းပညာရှင် တစ်ယောက်သည် မိမိ၏ တိုက်ပွဲ အောင်မြင်မှုကို မြှင့်တင်ရန် အလွန် ခက်ခဲပေသည်။ တာဝန်များ၊ အရည်အချင်းများနှင့် တိုက်ပွဲ အောင်မြင်မှုများက စာမေးပွဲများအတွက် အဓိက လိုအပ်ချက်များ ဖြစ်သော်လည်း ရဲ့လင်းချန်က ခြွင်းချက် ဖြစ်နေသည်။
*ငါ့ကို ပြောပါဦး၊ မင်းက ဘာလို့ ကိစ္စတွေ ဖြေရှင်းတဲ့ နေရာမှာ အရမ်း တော်နေတာလဲ၊ အရာအားလုံးက မင်းကို ဦးတည်ပြီး လာနေသလိုပဲ၊ ဒါက သံလိုက်များလား*
အထူးသဖြင့် ရဲ့လင်းချန်သည် ပြဿနာကို ရင်ဆိုင်၍ ဖြေရှင်းရာတွင် ခြွင်းချက်မရှိ ကောင်းမွန်ရုံတင် သာမက မကောင်းသော အင်အားစုများကို သန့်ရှင်းစွာ သုတ်သင်နိုင်သည်။ အကြမ်းအားဖြင့် ဌာနခွဲလေးတစ်ခုကတောင်မှ မကိုင်တွယ်နိုင်သည့် အခြေအနေမျိုးပင်။ တာဝန်ကို ပြီးဆုံးအောင် လုပ်နိုင်သည်နှင့် တိုက်ပွဲ အောင်မြင်မှုများကို ဌာနများကြား၌ ညီညီမျှမျှ ခွဲဝေကြသည်။ သို့သော် ရဲ့လင်းချန်က တစ်ကိုယ်တည်း လှုပ်ရှားသဖြင့် သူ၏ တိုက်ပွဲ အောင်မြင်မှုက အလွန် လျင်မြန်စွာ တိုးတက်နေသည်။
ရဲ့လင်းချန်၏ ရာထူးကို လင်းအောင် အတည်ပြုလိုက်နိုင်ပြီး သူ့အား အသိမပေးရသေးသည့် အကြိမ်တိုင်း ရဲ့လင်းချန်က နောက်ထပ် ထိတ်လန့်ဖွယ်ကောင်းသည့် အောင်မြင်မှုမျိုး ထပ်မံရရှိခဲ့သည်။ ထို့ကြောင့် လင်းအောင်သည် ရဲ့လင်းချန်၏ ရမှတ်များကို ပြန်တွက်ရန် လိုအပ်နေခဲ့သည်။
ဤသို့သော မြန်ဆန်မှုမျိုးကို အခြားသိုင်းပညာရှင်များသာ သိသွားပါက သေချာပေါက် ရူးသွားလောက်သည်။
"ညီလေးရဲ့၊ ငါ မင်းကို ဒီစကား ထပ်ပြောရဦးမယ်၊ ငါ မင်းကို တကယ် လေးစားတယ်ကွာ"
လင်းအောင်က ရဲ့လင်းချန်ကို တလေးတစား ဖက်၍ ပြောလိုက်သည်။
"မင်း အရင်တစ်ခေါက်က စွန့်စားခန်းနဲ့တင် အမြင့်တန်းအဆင့် စစ်သည်တော်ထက် ပိုရခဲ့တာ၊ စာအုပ်ကြီးအတိုင်း လိုက်လွန်းတဲ့သူတွေ ရှိနေခဲ့လို့သာပဲ၊ သူတို့အားလုံးက ဝိုင်းဖိလို့ မင်းကို အမြင့်တန်းအဆင့် စစ်သည်တော် ရာထူးပဲ ပေးလိုက်တာ၊ ငါ ဒီတစ်ခေါက် ပြန်သွားရင် သူတို့ ဘာပြောဦးမလဲ ငါ သိချင်မိသား"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasíaChapter 401-600 I don't own this story!! All credit goes to Original Author! ✍️