စာစဉ် 36 Chapter 537 ရှက်စရာ
"သံသယလား"
ရဲ့လင်းချန်၏ မျက်လုံးများ ဖျတ်ခနဲ လင်းလက်သွားသည်။ လင်းအောင်က ပါးပါးနပ်နပ် ပြောသော်လည်း သူ့အား လူတော်တော်များများက သံသယ ဝင်နေကြောင်း သူ ပြောနိုင်ပါသည်။
သို့သော် ယင်းသို့ ဖြစ်လာသည်က မတတ်သာပေ။ သူသည် စစ်သည်တော်ဌာနသို့ တစ်ခါမှ မရောက်ဖူးသလို တော်တော်များများက သူ့မျက်နှာကိုတောင်မှ လုံးဝ မမြင်ဖူးချေ။ သူ ရရှိထားသော အမှတ်များက တကယ်ကို သူ့အမှတ်ပါဟု မည်သူက ပြောနိုင်မည်နည်း။
"ညီလေးရဲ့၊ အနိမ့်တန်းအဆင့် ကြီးကြပ်သူက အနိမ့်တန်းအဆင့် စစ်သည်တော်နဲ့ မတူဘူးဗျ၊ အဲ့ဒါက တင်းကြပ်တဲ့ အကဲဖြတ်မှု လိုအပ်တဲ့ သတိထားရတဲ့ နေရာတစ်ခုပဲ၊ တကယ်တော့ ငါ မင်းကို ဖိတ်ချင်နေတာ"
လင်းအောင်က ရိုးရိုးတန်းတန်း ပြောလာသည်။
"မကြာခင် စစ်သည်တော်ဌာနရဲ့ အထူးလေ့ကျင့်ရေး စခန်းလေးခုက ဒီမှာ စုဝေးကြမှာ၊ မင်း အချိန်ပေးပြီး လာလည်ပါလား၊ မင်း လူလုံးပြပြီး မင်းကိုယ်မင်း သက်သေပြဖို့ပဲ လိုတာပါ"
လင်းအောင်သည် ဤကိစ္စက အလွန် ရိုးရှင်းသည်ဟု ခံစားမိနေသည်။ ရဲ့လင်းချန်၏ အစွမ်းအစများက အစစ်အမှန် ဖြစ်သည်။ အခြားသူများက ၎င်းကို မသိသော်လည်း သူကတော့ အပြည့်အဝ သိပါ၏။
"ရပါတယ်"
ရဲ့လင်းချန်က လိုရင်းကို တန်းပြောလိုက်သည်။
"အချိန် ရွေးနေစရာ မလိုပါဘူး၊ မနက်ဖြန်ပဲ လုပ်လိုက်ကြတာပေါ့၊ ပိုစောလေ ပိုကောင်းလေပဲ"
"ကောင်းတယ်၊ ဒါဆို ငါတို့ အဲ့လိုလုပ်ကြတာပေါ့၊ ငါ အခုချက်ချင်း ငါ့အဖိုးကို အသိပေးလိုက်ဦးမယ်၊ ငါ မနက်ဖြန် မင်းကို လာခေါ်မယ်"
လင်းအောင် စိတ်လှုပ်ရှားသွားသည်။
ရဲ့လင်းချန် အံ့ဩသွားလေသည်။ လင်းအောင် ပြောပုံအရဆိုလျင် သူ၏ အဖိုးကလည်း ပွဲကို တက်ရောက်မည့်ပုံပင်။
ထို့နောက် သူသည် လင်းအောင်နှင့် စကားစမြည် ထပ်ပြောပြီး ဖုန်းချလိုက်သည်။
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️