Chapter 505

339 22 0
                                    

စာစဉ် 34 Chapter 505 အန္တိမ ပါးရိုက်ခြင်း

သူတို့အပြင် ရဲ့လင်းချန်၏ အမူအရာသည်လည်း အနည်းငယ် ပြောင်းလဲသွားသည်။

နံပါတ်လေးနှင့် နံပါတ်ခြောက်၏ ပုံပန်းသွင်ပြင်က အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သူတို့၏ အကြမ်းဖျင်း ပုံစံက လူနှင့် တူနေသေးသော်လည်း အတော်လေး ကွာခြားကာ ကြောက်စရာကောင်းသည်။

သူတို့သည် အစောပိုင်းကတည်းက ခြေထောက်နှင့် မတ်တပ်ရပ်နေရာမှ လေးဘက်ထောက်နေခဲ့ပြီး သူတို့၏ သွားများက အလွန် ချွန်ထက်ကာ သူတို့၏နှုတ်ခမ်းကို ထိုးစိုက်နေ၏။

အထူးသဖြင့် သူတို့၏ မျက်နှာပုံစံက ပြောင်းလဲနေသည်။ သူတို့၏ မျက်လုံးများက အဖြူနှင့်အမဲ မဟုတ်တော့ဘဲ လိမ္မော်ရောင် ပြောင်းနေကာ နှာခေါင်းနှင့် ပါးစပ်၌ အမွေးများ ပေါက်နေသည်။

သူတို့၏ ခြေလက်များကို ကြည့်လိုက်လျင် လက်ချောင်းလေးချောင်းလုံးက ဆန့်ထွက်နေပြီး လက်သည်းများက ချွန်ထက်နေသည်။ အထူးသဖြင့် နံပါတ်ခြောက်ပင်။ လက်ရှိတွင် သူတို့က လျှာများထုတ်၍ လက်သည်းများမှ သွေးများကို လျက်နေ၏။

"ကြောင်မိစ္ဆာ ... ခွေးမိစ္ဆာလား"

လီကျင့် သွေးများ ခမ်းခြောက်ကုန်သည်။ သူ့ရင်ဘတ်မှ ပြင်းထန်သော နာကျင်မှုကို ခံစားနေရပြီး ခန္ဓာကိုယ်က အလိုလို ဆန့်ငင်ဆန့်ငင် ဖြစ်လာသည်။

ထိုလူနှစ်ယောက်ကို သူတို့ ကြည့်မိသည်နှင့် အတွေးထဲ ပထမဆုံးဝင်လာသည့်အရာက သူတို့သည် ကြောင်နှင့် ခွေးနှင့် ဆင်တူနေခြင်းပင်။

သူတို့၏ ပုံစံဖြစ်စေ၊ ခန္ဓာကိုယ် အချိုးအစား သို့မဟုတ် မျက်နှာပုံစံဖြစ်စေ၊ နံပါတ်လေးက ခွေးတစ်ကောင်နှင့် တူပြီး နံပါတ်ခြောက်က ကြောင်တစ်ကောင်နှင့် တူလေသည်။ ယင်းကြောင့်ပင် သူတို့က ပို၍ ကြောက်စရာ ကောင်းနေခြင်း ဖြစ်သည်။

"ကျင့် ဘယ်လိုဖြစ်တာလဲ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ပြီးနောက်ပိုင်း တိရစ္ဆာန်တွေနဲ့ မျိုးစပ်တာကို တားမြစ်ထားတယ် မဟုတ်ဘူးလား၊ မင်းတို့ တရုတ်တွေက ... အရမ်း ကြောက်ဖို့ကောင်းတာပဲ ..."

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now