Chapter 502

295 27 0
                                    

စာစဉ် 34 Chapter 502 လာ...လာ...လာ...ဆက်သောက်ကြမယ်

နေ့ခင်းဘက် ကြည့်ရှုသူနှုန်းများ ထွက်လာပြီးနောက် ရှောင်ဖေးဖေး၏ ဖုန်းက နေ့ခင်း နှစ်နာရီမတိုင်ခင်အထိ ရပ်မသွားပေ။

လူများစွာက သူမကို ဂုဏ်ပြုစကား ဆိုကြသော်လည်း တကယ်တမ်းတွင် အများစုက သူမကို မျက်နှာချိုသွေးရန် ကြိုးစားခြင်းသာ ဖြစ်သည်။

ဤသည်က အနုပညာနယ်ပယ်တွင်း၌ ဖြစ်နေကြပင်။ တစ်ညတည်းနှင့် နာမည်ကြီးလာပြီး လူတိုင်းက ငမ်းငမ်းတက် လိုချင်သော လူတစ်ယောက် ဖြစ်လာရန် လွယ်ကူပေသည်။

ရှန်းကျောင်းရုပ်သံ၏ ဒါရိုက်တာသည်လည်း သူမကို ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်လာပြီး စိတ်ရင်းအတိုင်း စကားပြောလာသည်။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက သူ၏ရုပ်သံလိုင်း၌ ပြသနိုင်သည့်အတွက် အလွန်အမင်း ဝမ်းသာနေ၏။

ပရိသတ်များ၊ နယ်ပယ်တွင်းမှ အတွင်းလူများနှင့် အဓိက မီဒီယာ ကုမ္ပဏီများက တိုက်ခန်းတွင်းမှ အချစ် ဇာတ်လမ်း၏ အကြောင်းကိုသာ ပြောနေကြသည်။

၎င်းက ယှဉ်ပြိုင်သူ ကင်းမဲ့သော အပြင်းထန်ဆုံး ပြောဆိုမှုပင်။

သူတို့၏ ကျော်ကြားမှုက တစ်ဟုန်ထိုး တက်လာနေသည်။

ဝေ့ပေါ်၊ Tieba၊ Toutiao နှင့် အခြားသော မီဒီယာမျိုးစုံ၌ ထိပ်တန်း ရှာဖွေမှုကလည်း တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းပင်။

အွန်လိုင်းပေါ်မှ ပြောစကားများကလည်း တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းပင်တည်း။

TikTok တွင်မူ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ စကားများကို နေရာတိုင်း၌ တွေ့နေရပြီး လူတိုင်းက အသည်းအသန် တုပ၍ လိုက်ပြောကြကာ အင်တာနက်ပေါ်၌ ဖြစ်နေကြ ဖြစ်စဉ်တစ်ခုပင် ဖြစ်နေလေသည်။

တစ်ချို့သော ရုပ်သံဇာတ်လမ်းတွဲများက မွေးဖွားလာသည်နှင့် နယ်ပယ်၏ အထွတ်အထိပ်၌ ရပ်တည်နိုင် ကြသည်။

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းနှင့် ထိုစကားနှင့် ထပ်တူကျနေသည်။

ရုပ်သံဇာတ်လမ်းတွဲ တစ်ခု၏ အရည်အသွေးကို တိုင်းတာရာတွင် ရှုထောင့်မျိုးစုံမှ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ သို့သော် အတိကျဆုံးနေရာ၌ နေရာယူသည့် အချက်မှာ ... ကြည့်ရှုသူနှုန်းပင်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now