စာစဉ် 32 Chapter 480 ခေါင်းခဲစရာပဲကွာ
ဤနေရာသို့ အပြေးရောက်လာသည့်သူများမှာ စစ်သည်တော်ဌာနမှ လူများ ဖြစ်လေသည်။ များစွာသော ကားများကြားထဲမှ ရင်းနှီးနေသော ဂျစ်ကားတစ်စီးကို ရဲ့လင်းချန် သတိထားမိသွားသည်။
အသံများကို ကြားပြီးနောက် ကမ္ဘာမြေ၏ ဂိတ်တံခါးမှ လူများ၏ မျက်လုံးများက ဝင်းပလာသည်။ သူတို့သည် အံ့ဩမည့်အစား ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ ဝမ်းသာနေပုံ ပေါက်နေ၏။
သူတို့၏ နှလုံးသားက ကြေကွဲနေခဲ့လေသည်။
*ဟူး ဟူး ... နောက်ဆုံးတော့ ငါတို့ ဒီနတ်ဆိုးနတ်ဘုရားလက်က လွတ်ပြီကွ*
ရဲ့လင်းချန် ထိုနေရာ၌ ထိုင်နေခြင်းက သူတို့အတွက် ဘယ်လောက် ဖိအားများသလဲ ဆိုသည်ကို ဘုရားသာ သိပေလိမ့်မည်။ သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ချွေးအေးတို့ဖြင့် ရွှဲနစ်နေပြီး လှုပ်တောင် မလှုပ်ရဲချေ။
တစ်ကိုယ်လုံး နာကျင်နေသော်လည်း အနေအထားကို ထိန်း၍ နေရခြင်းက ခက်ခဲလွန်းလှသည်။ လွန်ခဲ့သော အခိုက်အတန့်က သူတို့သည် စစ်သည်တော်ဌာနမှ လူများ မြန်မြန်လာ၍ သူတို့ကို ခေါ်သွားပါတော့ဟု ဆုတောင်းနေခဲ့ကြသည်။
"ညီလေးရဲ့"
ဂျစ်ကားပေါ်မှ ဆင်းလာသူက လင်းအောင်ပင်။ လင်းအောင်သည် ရဲ့လင်းချန်ကို မြင်သည်နှင့် ချက်ချင်း အနားသို့ လျှောက်လာပြီး စောဒကတက်ဟန်ဖြင့် ပြောလေသည်။
"ငါ မင်းနဲ့ တွေ့ခဲ့တာတောင် တော်တော်ကြာသွားပြီ၊ နောက်ဆုံးတော့ မင်း ငါ့ကို ဆက်သွယ်လာခဲ့သားပဲ၊ စစ်သည်တော်ဌာနကို ဝင်ဖို့ ငါ ကမ်းလှမ်းတာကို မင်း ငြင်းခဲ့ပြီးတဲ့နောက်ပိုင်း စူပါစတား ဖြစ်လာတာပဲ"
"ကျွန်တော် စိတ်ကူးပေါက်သလို လုပ်ခဲ့တာပါ"
ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။
"စူပါစတားတစ်ယောက် ဖြစ်တာက မင်းအတွက် အရည်အချင်းတွေကို ဖြုန်းတီးပစ်တာပဲ"
လင်းအောင်သည် အလွန် မကျေမနပ် ဖြစ်နေပြီး မပြီးနိုင်သေးပေ။ သို့သော် သူက ဆက်ပြောလေသည်။
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasíaChapter 401-600 I don't own this story!! All credit goes to Original Author! ✍️