Chapter 459

340 25 0
                                    

စာစဉ် 31 Chapter 459 ဒါ ဘယ်လို မှော်မိတ်ကပ်ပညာမျိုးလဲ

"လခွမ်း၊ ဒါ တကယ်ပဲ ချောင်ရှန်ရှန်ဟ"

"တကယ်ပဲ၊ ဒါ တကယ်ပဲဟ၊ ချောင်ရှန်ရှန်က အခု နတ်သမီးလေး ဖြစ်သွားပြီ၊ တကယ်ကြီးပဲ"

"ရူးချင်စရာပဲ၊ ဒါက ဘယ်လို မှော်မိတ်ကပ်ပညာမျိုးလဲ"

"ငါ အခုထိ ယုံရခက်နေသေးတယ်၊ ဒါ သောက်ကျိုးနည်းကို မိတ်ကပ် မဟုတ်ဘူးကွ၊ ဒါ လုံးဝ နောက်လူ တစ်ယောက်ရဲ့ ခေါင်းနဲ့ ပြောင်းတပ်ထားသလိုပဲ"

"မီးလောင်ရာက မက်မွန်ပန်းပွင့်အဖြစ် ပြောင်းလဲသွားပြီးတော့ အမာရွတ်ရာ ဘာမှ မကျန်တော့ဘူး၊ ဒီပညာက ပြိုင်ဘက်ကင်းပဲ"

"ဝိုင်က ဝက်တစ်ကောင်ကို လှပတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းနိုင်တယ်လို့ ငါ လောင်းရဲတယ်"

...

လူတိုင်း စိတ်လှုပ်ရှားစါာ ပြောနေကြသည်။ သူတို့သည် ဆန်းကြယ်မှုတစ်ခု မွေးဖွားလာသည်ကို သူတို့၏ မျက်စိနှင့် တပ်အပ် မြင်တွေ့ခဲ့ကြလေသည်။

အိုးယာ ဌာနချုပ်အတွင်းမှ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း မှင်တက်နေကြသည်။

"ဒါ ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

စီအီးအို၏ မျက်လုံးအိမ်က ရုတ်တရက် ကျဉ်းမြောင်းသွားပြီး အလွန်အမင်း ကြောက်စရာကောင်းသော အရာတစ်ခုကို မြင်တွေ့ရသကဲ့သို့ အော်ဟစ်လေသည်။ သူမမျက်နှာက ပူလောင်လာပြီး အရိုက်ခံလိုက်ရသကဲ့သို့ နာကျင်သလို ခံစားနေရသည်။

ထိုလူက တကယ်ပင် ချောင်ရှန်ရှန် ဖြစ်ကြောင်း သူမ သိနေပါသည်။ သို့သော် ထိုသို့သော မိတ်ကပ် ပညာမျိုးက တုန်လှုပ် ချောက်ချားစရာ ကောင်းလှသည်။ ၎င်းကို မှော်ပညာနှင့်ပင် နှိုင်းယှဉ်နိုင်ပြီး သူတို့၏ ကိုယ်ပိုင် အလှကုန်ပစ္စည်း ကုမ္ပဏီက ၎င်းကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ပါ။

*ကြောက်စရာ ကောင်းတယ်၊ ဒါက လုံးဝ သဘာဝကို လွန်ဆန်နေတာပဲ၊ ဒါ မိတ်ကပ် လောကမှာ တော်တော်လေး ထူးခြားလွန်းတယ်*

"သောက်ကျိုးနည်း၊ သူ ဘယ်လိုလုပ်လိုက်တာလဲ၊ မက်မွန်ပန်းက လုံးဝကို ပြီးပြည့်စုံတယ်၊ ဒီပညာကိုသာ ငါတို့ ကုမ္ပဏီက ရလိုက်ရင် ငါတို့ စကြဝဋ္ဌာကို ခဏလေးနဲ့ သိမ်းနိုင်မှာ"

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now