စာစဉ် 33 Chapter 487 အစွမ်းအစ ထုတ်ပြခြင်း
"ဝိုး သခင်လေးရဲ့က အံ့ဩဖို့ ကောင်းလိုက်တာ"
မိန်ကျားက ချက်ချင်းဆိုသလို အချစ်၌ ကျရှုံးသကဲ့သို့ ပြောလာသည်။
သို့သော် ရိုက်ကူးရေး ပြီးသွားသော်လည်း ရဲ့လင်းချန်၏ မျက်မှောင်က လျော့မသွားသလို သူတို့နှင့် စနောက်ခြင်းလည်း မရှိပေ။ သူက အော်လန်ဖြင့် ဆက်ပြောလိုက်သည်။
"ငါတို့ ဒီနေ့ ရိုက်ကူးရေးကို နားမယ်၊ အားလုံး စုဝေးလိုက်ပါ ..."
သူ့စကားက လူတိုင်းကို အနည်းငယ် စိုးရိမ်တုန်လှုပ်သွားစေသည်။ ဝန်ထမ်းများအတွက် စိတ်ဖိစီးမှု အမြင့်ဆုံး အရာမှာ သူဌေးထံမှ ပြစ်တင်ဆုံးမခံရခြင်း ဖြစ်သည်။
ရဲ့လင်းချန်သည် မကြာခဏ ရှိမနေသော်လည်း လီထိုက်၊ ရှောင်ဖေးဖေးနှင့် အခြားသူများ၏ သူ့အပေါ် ချစ်ခင်ခြင်းမှနေ၍ သူ၏ နာမည် ဂုဏ်သတင်းကို သူတို့ ခံစားမိပါသည်။
"ရိုက်ကူးပြီးသား အခန်းတွေကို ငါ အစအဆုံး ကြည့်ပြီးပြီ၊ ရလဒ်က ကျေနပ်စရာ မကောင်းဘူး"
ရဲ့လင်းချန် ခေါင်းခါလိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောသည်။
"သရုပ်ဆောင်စွမ်းရည်၊ ရိုက်ကူးရေး၊ တည်းဖြတ်ရေးနဲ့ ထုတ်လွှင့်ရေးအပိုင်း၊ ဘယ်ဟာကမှ ကျေနပ်ဖို့ မကောင်းဘူး"
"ရိုက်ကူးရေးကို စပြောရအောင်၊ မင်းတို့အားလုံး ဒါရိုက်တာလီနောက်ကို လိုက်ခဲ့တာပဲ၊ ဒါ မင်းတို့ရဲ့ ပထမဆုံးအကြိမ် ရိုက်ကူးရေး မဟုတ်ဘူး၊ ဘာလို့ အခန်းတွေ ပြောင်းသွားတဲ့အချိန်မှာ အချိန်မီ မတုံ့ပြန်နိုင်ရတာလဲ၊ အခု ဒီအခန်းရဲ့ အဓိက အာရုံစိုက်စရာက ဘာလဲဆိုတာကို ငါ့ကို ပြောပြပါဦး"
လူတိုင်း ပင့်သက်ရှိုက်သွားကြပြီး ရဲ့လင်းချန်ကို နာခံစွာ နားထောင်နေကြသည်။
ရဲ့လင်းချန်က သူတို့ကို ပြစ်တင် ဆုံးမနေသော်လည်း သူသည် ပုံမှန်လေသံကို ထိန်းထားပြီး အသင့်အတင်နှုန်းဖြင့် ပြောနေသည်။ သူ့အသံက မကျယ်လွန်းသော်လည်း ကြည်လင် ပြတ်သားသည်။ သူ၏ ယုံကြည်ချက်က အလွန် ပြင်းထန်ပေသည်။
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️