Chapter 533

187 17 0
                                    

စာစဉ် 36 Chapter 533 ဘုရင်ဖြစ်လာမည့်သူ

တစ်မိနစ်အတွင်း ဗွီဒီယိုကို နှိပ်၍ ကြည့်ရှုသူများက ငါးသောင်း ကျော်သွားခဲ့သည်။

မျှဝေသူ အရေအအတွက်မှာမူ လေးသောင်းသို့ ရောက်ရှိသွားခဲ့သည်။ မျှဝေသူများထဲမှ ရှစ်ဆယ် ရာခိုင်နှုန်းသည် ဗွီဒီယိုကို ကြည့်ပြီးသူများ ဖြစ်ကြလေသည်။

၎င်းက လူသိများ ကျော်ကြားသွားလေသည်။

အင်္ဂလန်မှ အင်တာနက် အသုံးပြုသူများအားလုံး ဆူညံပွက်လောရိုက်သွားကြသည်။

"သူရဲကောင်း" ဟူသော အသုံးအနှုန်းက မရေတွက်နိုင်သော လူများစွာ၏ စိတ်ထဲ၌ တစ်ချိန်တည်း ပေါ်လာသည်။

လူကြီးလူကောင်းဆန်သော နိုင်ငံဖြစ်သည့် အင်္ဂလန်နိုင်ငံ၌ သူရဲကောင်း တစ်ယောက်သည် သူတို့ လေးစားသော အရာတစ်ခု ဖြစ်သည်။ ကျား၊မ မရွေး သူရဲကောင်းကို လေးစားမြတ်နိုးစိတ် ရှိသည်။ ထို့အပြင် သူတို့သည် စွန့်စားမှုကို နှစ်ခြိုက်သော နိုင်ငံတစ်ခုလည်း ဖြစ်သည်။ ထိုဗွီဒီယိုက သူတို့ နှလုံးသားထဲမှ စွဲလမ်းမှုကို အောင်မြင်စွာ နှိုးဆွပေးလိုက်နိုင်သည်။

[ဘာ ... တရုတ်မှာ စူပါမန်း ရှိတာလား]

[အံ့ဩဖို့ကောင်းလိုက်တာ၊ အံ့ဩဖို့ ကောင်းလွန်းတယ်၊ ဒါက ဒိတ်ဒိတ်ကျဲ နာမည်ကြီးတဲ့ ရုပ်ရှင်ကားထက် အဆတစ်ရာမက ပိုမိုက်သေးတယ်]

[လခွမ်း၊ အဲ့ဒီ တန်ဖိုးကြီးပစ္စည်းက ဒီလောက်‌ ကြောက်စရာကောင်းတဲ့ ဧရာမ စပါးအုံးမြွေကြီးရဲ့ အရေခွံနဲ့ လုပ်ထားလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ မယုံနိုင်စရာပဲ]

[အိတ်က အံ့ဩစရာ ကောင်းလွန်းနေတာ မထူးဆန်းတော့ပါဘူး၊ ဒီလို နတ်ဘုရား သားရဲရဲ့ အရေခွံနဲ့ လုပ်ထား လို့ကိုး၊ ဒါ နတ်ဘုရား ပစ္စည်းပဲ]

[ဘုရားသခင်၊ ဒါ တကယ်လား၊ တရုတ်နိုင်ငံက တကယ်ကို အံ့ဩစရာတွေနဲ့ ပြည့်နေတဲ့ ထူးဆန်းတဲ့ နိုင်ငံပါလား]

[ဒါ တရုတ်ကွန်ဖူးများလား၊ အံ့ဩစရာကောင်းလိုက်တာ၊ တရုတ်လူမျိုးတွေက ဒီလို အံ့ဩဖို့‌ ကောင်းလိမ့်မယ်လို့ ငါ လုံးဝ မသိခဲ့ဘူး]

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now