Chapter 441

376 24 0
                                    

စာစဉ် 30 Chapter 441 ချမ်းမြောင် ကျန်းမာရေး စောင့်ရှောက်မှု

"မင်း ဘယ်သူလဲ ငါ မသိသလို၊ သိအောင် လုပ်ဖို့လည်း ငါ စိတ်မဝင်စားဘူး"

ရဲ့လင်းချန်က ခေါင်းခါပြီး သခင်လေးဝေ့က လုံးဝ ညှာတာခြင်း မရှိပေ။

"ပြန်သွားလိုက်ပါ၊ မင်းကို ဒီလေလံပွဲမှာ ဝင်ပါခွင့်ပြုဖို့ ငါ စိတ်ကူးမရှိဘူး"

"မင်း ဘာပြောချင်တာလဲ"

သခင်လေးဝေ့၏ မျက်လုံးတွင် အေးစက်စက် အလင်းတန်း ဖြတ်ပြေးသွားသည်။

"ဒီဧရာမ စပါးအုံးမြွေကြီးက ဆေးဝါး ဖော်စပ်ထုတ်လုပ်ဖြန့်ချိတဲ့ လုပ်ငန်းအတွက် ပိုသင့်တော်တယ်၊ မင်းတို့ ကုမ္ပဏီက ဒါကို မျိုးရိုးဗီဇ သုတေသနအတွက် သုံးတာကို ငါ သဘောမတူဘူး"

ရဲ့လင်းချန်က တဲ့တိုး ပြောချလိုက်သည်။

ရဲ့လင်းချန်၏ ဇီဝဗေဒ ကျွမ်းကျင်မှုက အပြည့် မဖြစ်သေးသော်လည်း သူ့တွင် စွမ်းရည် ခြောက်ဆယ် ရာခိုင်နှုန်းကျော် ရှိပြီး မျိုးရိုးဗီဇကို ကောင်းကောင်း နားလည်သည်။ သူ၏ နားလည်မှုကြောင့်ပင် ဤသို့သော နည်းပညာက ဘယ်လောက် ဆိုးရွားလဲဆိုသည်ကို သူ သတိပြုမိခြင်း ဖြစ်သည်။

အကောင်းဘက်မှ ကြည့်လျင် မျိုးရိုးဗီဇသည် ကမ္ဘာပေါ်ရှိ ကုမရသော ရောဂါများကို ကုသနိုင်စွမ်း ရှိသော်လည်း ယင်းမှာ အကောင်းဘက်မှ အမြင်သာလျင် ဖြစ်သည်။ တကယ်တမ်းတွင် မျိုးရိုးဗီဇ နည်းပညာ၏ ဆိုးကျိုးများက အလွန် သိသာပေသည်။

လူသားများတွင် မဆုံးနိုင်သော ရည်ရွယ်ချက်များ ရှိသည်။ မျိုးရိုးဗီဇ နည်းပညာက ပြီးပြည့်စုံသွားလျင် လူ့စိတ်ဆန္ဒက ပိုပို၍ ကျယ်ပြန့်လာပြီး ပျက်စီးသွားသော ခြေလက်များကို ပြန်ထွက်လာစေခြင်း၊ ကျားသစ်တစ်ကောင်၏ လျင်မြန်မှု ရရှိခြင်း သို့မဟုတ် ဆင်တစ်ကောင်၏ ခွန်အားကို ရရှိခြင်း၊ နောက်ဆုံးတွင် လိပ်တစ်ကောင်ကဲ့သို့ သက်တမ်း ရရှိခြင်း စသည့် အရာများကို လုပ်လာနိုင်သည်။

၎င်းသည် ဖြစ်နိုင်ချေလေး တစ်ခု မဟုတ်ဘဲ နောက်တွင် ဖြစ်လာနိုင်သည့် ရေပန်းစားမှုတစ်ခုပင်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now