စာစဉ် 36 Chapter 532 တရုတ်နိုင်ငံမှ အံ့ဩစရာ
အဲလစ်သည် အိပ်ယာပေါ် လဲရင်း လက်ထဲမှ အိတ်ကို ကြည့်နေသည်။ သူမသည် ငေးငိုင်နေပုံ ရပြီး ကျည်ဆံကြောင့် ချိုင့်နေသော နေရာကို ကိုင်ကြည့်၍ ခံစားချက်တို့ ရောထွေးနေသည်။
*ငါ တကယ် ကံကောင်းတာပဲ*
အိတ်က သူမအား အသက်ရှင်ရန် ဒုတိယမြောက် အခွင့်အရေး ပေးခဲ့သည်ဟု ခံစားနေရသည်။
"တရုတ်နိုင်ငံက တကယ်ကို ထူးဆန်းတာပဲ"
အဲလစ်သည် တီးတိုးရေရွတ်ရင်း နှုတ်ခမ်းများက ကော့တက်လာသည်။
ဘုရင်မနှင့် အဲလစ်၏ ဆွေမျိုးများလည်း အနား၌ ရှိနေပြီး သူမအား စိုးရိမ်ပူပန်သော အကြည့်တို့ဖြင့် ကြည့်ကာ သူမကို နှစ်သိမ့်ပေးရန် မကြာခဏ ကြိုးစားနေကြသည်။
နိုင်ငံတစ်ခုလုံးတွင်မူ သတိပေးချက် အမြင့်ဆုံးသို့ ရောက်နေပြီး အကြမ်းဖက်သမားများအား မြေလှန် ရှာနေကြသည်။
အင်္ဂလန်နိုင်ငံ ဒေါသူပုန် ထနေလေပြီ။ ယင်းက ပြောင်ပြောင်တင်းတင်း ရန်စလိုက်ခြင်းပင်။
"မင်းသမီးလေး၊ ကျွန်တော်မျိုး ရှာတွေ့ပါပြီ"
ထိုသို့သောအချိန်၌ အစေခံတစ်ယောက်က သတင်းပို့လာသည်။
အဲလစ်၏ မျက်လုံးများ တောက်ပလာပြီး ချက်ချင်း ပြန်မေးလိုက်သည်.
"နင် ဒီဇိုင်နာနဲ့ ဆက်သွယ်လို့ ရလား"
"မင်းသမီးလေး၊ ကျွန်တော်မျိုးတို့ Vatti ကို ဆက်သွယ်ပြီး ဒီဇိုင်နာကို မေးခဲ့ပင်မယ့် သူတို့က လုပ်ငန်း လျှို့ဝှက်ချက်ပါလို့ ပြောပြီး အချက်အလက်ကို ထုတ်မပြောချင်ကြပါဘူး"
"ဪ အဲ့လိုလား"
အဲလစ်၏ မျက်လုံးတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တို့ ပေါ်လာသည်။
"ဒါပေမဲ့ Vatti က ကျွန်တော်မျိုးတို့ဆီကို ဗွီဒီယိုတစ်ခု ပို့လာပါတယ်၊ အဲ့ဒါက အိတ်ရဲ့ ကုန်ကြမ်းပစ္စည်း မူရင်းလို့ ပြောပါတယ်"
အစေခံက ပြန်ပြောလေသည်။
"ကုန်ကြမ်းပစ္စည်းရဲ့ မူရင်း ဟုတ်လား"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️