Chapter 479

338 28 0
                                    

စာစဉ် 32 Chapter 479 နတ်ဆိုး နတ်ဘုရား ရဲ့လင်းချန်

ရဲ့လင်းချန်၏ တိုက်ခိုက်မှုက ပြင်းထန်သော မုန်တိုင်းတစ်ခုနှင့် သဏ္ဌာန်တူနေပြီး ခိုအိချီအား ကြောက်လန့်၍ ကြံရာမရ ဖြစ်သွားစေသည်။ သူ့တွင် တိုက်ခိုက်ချင်သည့်စိတ် မရှိတော့ဘဲ နောက်ဆုတ်လေသည်။

ယေဘုယျအားဖြင့် ပြောရလျင် လူတစ်ယောက်၏ အတွင်းအားက အကန့်အသတ်နှင့် ဖြစ်သည်။ ရဲ့လင်းချန်၏ အတွင်းအားကဲ့သို့ စက်သေနတ်သဖွယ် အကန့်အသတ်မရှိ သုံးနိုင်ရန် မဖြစ်နိုင်ပေ။ ယင်းက တကယ်ကို အဓိပ္ပာယ် မရှိပေ။

ထိုအခိုက်တွင် ရဲ့လင်းချန်သည် အသည်းအသန် တိုက်ခိုက်နေသည်။ သူ စိတ်လိုလက်ရ လက်သီးဖြင့် ထိုးနိုင်သည့် အခွင့်အရေးက နည်းပါးပေသည်။ အကယ်၍ သူသာ ပုံမှန်အတိုင်း လက်သီးနှင့် ထိုးပါက ဘေးနံရံများသည် ယခင်ကတည်းက ပြိုကျသွားလောက်ပြီး သူသည်လည်း သူ့အစွမ်းကို လုံးဝ ထုတ်ပြနိုင်တော့မည် မဟုတ်ပါ။

ခိုအိချီက ထွက်ပြေးရန် အသင့်ဖြစ်နေသည်ကို မြင်သောအခါ ရဲ့လင်းချန်သည် ကြမ်းပြင်ကို ခြေနှစ်ဖက်လုံးဖြင့် ဆောင့်နင်းလိုက်ပြီးနောက် ပုံရိပ်ယောင်အဖြစ် ပျောက်ကွယ်သွားလေသည်။ သူ့တစ်ကိုယ်လုံးကို ဝိုးတိုးဝါးတားသာ မြင်လိုက်ရပြီး ခိုအိချီထက် ဆယ်ဆမက ပိုမြန်နေ၏။

"လခွမ်း ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ယင်းကို မြင်သောအခါ ခိုဂျီသည် မျက်လုံးကျွတ်ကျမတတ် စိုက်ကြည့်နေမိသည်။ သူ မနေနိုင်ဘဲ ရေရွတ်လိုက် မိပြီးနောက် စိတ်ဓာတ်ကျသွားလေသည်။

*ဒီလူက ... အရမ်း ကြောက်ဖို့ကောင်းတာပဲ*

"ငါ့ရဲ့ အန္တိမ ခြေထောက်သိုင်းကို မြည်းကြည့်လိုက်စမ်း"

ခိုအိချီက ကြုံးဝါးလေသည်။ သူသည် ထိုကန်ချက်၌ အရာအားလုံးကို ထည့်သွင်းထားပြီး ရဲ့လင်းချန်အား ပြင်းထန်စွာ ကန်ထုတ်လေသည်။

ထိုသိုင်းကွက်သည် သူ၏ ဘဝတစ်သက်စာ ကျင့်ကြံမှုများ ပါဝင်နေသည်။ သူ၏ အတွင်းအားက ဓားသဖွယ် ထက်ရှနေပြီး နှမ်းဖတ်ကျောက်ကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိသည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now