စာစဉ် 37 Chapter 549 ငါ့မှာ ပိုက်ဆံရှာနိုင်တဲ့ အရည်အချင်းရှိတယ်
"ရှင် ကျွန်းတစ်ကျွန်း ဝယ်လိုက်တယ် ဟုတ်လား"
အိုးရန်ချင်း၏ အသံက မြင့်သွားပြီး စူးခနဲ ဖြစ်လာလေသည်။ သူမ အလွန်အမင်း ထိတ်လန့်နေသည့်ပုံပင်။
ရဲ့လင်းချန်က ကျွန်းတစ်ကျွန်း ဝယ်ချင်သည်ဟု ပြောသည်ကို သူမ ကြားခဲ့ဖူးသော်လည်း မဖြစ်နိုင်သော အကြံအစည်ဟု သူမ ထင်ခဲ့မိသည်။ သို့သော် ယခုအခါ၌ သူမ အလွန်အမင်း ထိတ်လန့်နေလေသည်။
*ဒါ ဘယ်လောက်တောင် ကြာနေခဲ့ပြီလဲ၊ သူ ကျွန်းတစ်ကျွန်း ဝယ်ချင်တယ်လို့ ပြောခဲ့တုန်းက အတည်ကြီး ပြောခဲ့တာလား*
ကျွန်းတစ်ကျွန်း ဝယ်ရန် မည်မျှ ခက်ခဲသလဲ ဆိုသည်ကို သူမ အနည်းအကျဉ်း သိပါသည်။ ကျွန်းတစ်ကျွန်း ဝယ်နိုင်ရန် ပိုက်ဆံ များစွာ ရှိရန် မဆိုထားနှင့်၊ ပိုက်ဆံရှိသော လူအများစုပင် ကျွန်းတစ်ကျွန်းကို ဝယ်နိုင်စွမ်း မရှိပါ။ ထိပ်တန်း အချမ်းသာဆုံး စာရင်းဝင် ဆယ်ယောက်ထဲမှ လူများသာ ဝယ်နိုင်လောက်သည်။
*ရဲ့လင်းချန်က တကယ်ပဲ ဝယ်နိုင်စွမ်း ရှိတာလား*
"အင်း ငါ ကျွန်းတစ်ကျွန်း ဝယ်လိုက်တယ်လေ၊ အဲ့ဒါ အဲ့လောက် ထူးဆန်းလို့လား"
ရဲ့လင်းချန်က ပြုံးလိုက်ပြီး ဟန်လုပ်၍ တည်ငြိမ်နေသော လေသံဖြင့် ပြောလိုက်သည်။
သူ အနည်းငယ် ဟန်လုပ်ချင်နေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်းတစ်ကျွန်း၏ ပိုင်ရှင် ဖြစ်လာတော့မည် မဟုတ်ပါလား။ ယင်းက အိမ်တစ်လုံး၊ ကားတစ်စီး သို့မဟုတ် စံအိမ်တစ်ခု ဝယ်ချင်းထက်ပင် သာလွန်ပြီး အဆင့်ပင် မတူချေ။
*အဲ့ဒါ ထူးဆန်းလို့လားတဲ့၊ ရှင် ဘယ်လိုထင်လို့လဲ*
"မဟုတ်ဘူးလေ၊ ဒါပေမဲ့ အဲ့ဒါ တကယ်ပဲ ကျွန်းတစ်ကျွန်းလား၊ ရှင် ဘယ်လောက်နဲ့ ဝယ်လိုက်တာလဲ၊ အဲ့ဒါက ဘယ်လောက် ကြီးလဲ"
အိုးရန်ချင်း၏ အသံက အနည်းငယ် တုန်နေပြီး တအံ့တဩ မေးလိုက်သည်။
"၈.၂ စတုရန်း ကီလိုမီတာ၊ နှစ်ဘီလီယံကျော်လောက်"
"ဟင်"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️