စာစဉ် 31 Chapter 454 Vatti နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
နောက်တစ်နေ့တွင် ရဲ့လင်းချန်သည် ကောင်းကင်က မှောင်နေသေးသော်လည်း စောစော နိုးလာခဲ့လေသည်။ သူသည် ရှောင်ချင်၊ ရှောင်ဟွေတို့နှင့်အတူ ပန်းခြံသို့ ထွက်လာခဲ့သည်။
"သွားမယ်၊ ဒီနေ့ ငါ မင်းတို့ကို လန်းတာလေး တစ်ခု သင်ပေးမယ်"
ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။
ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် ရဲ့လင်းချန်အနား၌ စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေပြီး အဆက်မပြတ် ခေါ်နေကြသည်။
"ဒယ်ဒီ၊ မနေ့ညက လူဆိုးနှစ်ယောက် လာတယ်၊ ကျွန်တော် သူတို့ကို ချပစ်လိုက်တာ"
"မဟုတ်တာတွေ၊ သူတို့ကို မောင်းထုတ်လိုက်တာ ငါကွ၊ ငါ့ရဲ့ မက်မွန်ခိုးယူခြင်း လက်သည်းကို ဘယ်သူက ခံနိုင်လို့လဲ"
"ရယ်ချင်စရာပဲ၊ ငါ့ရဲ့ ဝံပုလွေ နှစ်တစ်ထောင် သတ်ဖြတ်ခြင်း သိုင်းကွက်ကို မင်း ဟာသများ ထင်နေလား"
"ပြောချင်တာက သူတို့ရဲ့ အဝတ်အစားကို ဆုတ်ဖြဲလိုက်တဲ့သူက ငါပဲလေ၊ မဟုတ်ဘူးလား၊ သူတို့ ကိုယ်လုံးတီးကြီးနဲ့ ထွက်ပြေးသွားတာ ဟားဟားဟား ..."
"သူတို့ ဘောင်းဘီတွေကို ဖြဲလိုက်တာ ငါပါ၊ ဟုတ်ပြီလား"
ရှောင်ချင်နှင့် ရှောင်ဟွေသည် သူတို့၏ အောင်မြင်မှုကြီးများကို ဆွေးနွေးပြီး ငြင်းခုန်နေကြဆဲပင်။ သူတို့၏ ငြင်းခုန်သံ ပိုကျယ်လာပြီး ပိုဒေါသထွက်လာသည်ကို မြင်သောအခါ ရဲ့လင်းချန်က သူတို့ကို ချက်ချင်း တားဆီး လိုက်သည်။
မနေ့ညက ဘာဖြစ်ခဲ့သလဲ ဆိုသည်ကို သူ၏ စူးရှသော အာရုံငါးပါးနှင့် သူ ခံစားမိပါသည်။ သို့သော် ကျန်းယွင်ရှီက သူ့ဘေးနား၌ အိပ်ပျော်နေသဖြင့် သူက ၎င်းကို အသေးအဖွဲကိစ္စလေးဟုသာ သဘောထားခဲ့လိုက်သည်။ ရှောင်ချင်နှင့် ရှောင်ဟွေတို့က ထိုသို့သော ကိစ္စမျိုးကို ရှင်းနိုင်သဖြင့် သူ ခုတင်ပေါ်မှ ထရန် မလိုပါ။
"မနေ့ညက မင်းတို့ ကောင်းကောင်း လုပ်ခဲ့တယ်၊ ဆုချတဲ့အနေနဲ့ ငါ မင်းတို့ကို စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကို သင်ပေးမယ်"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️