Chapter 496

294 24 0
                                    

စာစဉ် 34 Chapter 496 မသိတာကို မကြောက်နဲ့၊ နှိုင်းယှဉ်တာကို ကြောက်

အွန်လိုင်းပေါ်မှ စကားများက ပို၍ ကြီးကျယ်လာသည်။ လူအများသည် ပျော်ရွှင်မှုအား မျှဝေရသည်ကို နှစ်ခြိုက်ကြသဖြင့် အများစုက နေရာတိုင်းမှ သူတို့၏ မိတ်ဆွေများကို တွဲ၍ ပို့စ်များ တင်ကြလေသည်။

ရထားပေါ်၌ လူတစ်ယောက်သည် iPad ကိုကိုင်၍ ဇာတ်လမ်းကို အွန်လိုင်းပေါ်မှ ကြည့်နေသည်။ သူက မကြာခဏ အားပါးတရ ရယ်မောနေ၏။

သူ ပျော်ရွှင်နေသည်ကို မြင်ပြီး အခြားသူများက စပ်စုချင်စိတ်ဖြင့် သူ၏ iPad ကို လှမ်းကြည့်ကြသည်။ တစ်ခဏကြာသော် သူ့အနားမှ လူအုပ်ကြီးသည်လည်း အလားတူ ကျယ်လောင်စွာ ရယ်မောကြလေသည်။

နောက်ဆုံး၌ အခြားသူများသည် သည်းမခံနိုင်ကြတော့ချေ။

"ဘရို၊ မင်းတို့ ဘာတွေ ရယ်နေတာလဲ၊ မင်းတို့ ဘာကြည့်နေကြတာလဲ"

"ခင်ဗျား မသိဘူးလား၊ ဒီနေ့က နှစ်သစ်ကူးနေ့လေ၊ ဇာတ်လမ်းတွဲတွေ စလွှင့်တယ်လေ"

"ငါ ဇာတ်လမ်းတွဲတစ်ချို့ရဲ့ နာမည်တွေကို မြင်ဖူးပါတယ်၊ အဲ့မှာ ဟာသကား ပါတယ်လို့ မမြင်မိပါဘူး"

"ဒါ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းလေ၊ သရုပ်ဆောင်ဝိုင်ရဲ့ လက်ရာ"

"ဘာ ... အဲ့ဇာတ်လမ်းက မကောင်းဘူးလို့ ပြောကြတာ မဟုတ်ဘူးလား"

"ကျစ် ... မင်း ကြည့်ပြီးရင် သိသွားလိမ့်မယ်၊ သရုပ်ဆောင်ဝိုင်က အံ့ဩဖို့ ကောင်းလွန်းတယ်၊ သူ့အံ့ဩစရာ ကောင်းပုံက နောက်အဆင့်တစ်ခုကိုတောင် ရောက်နေပြီ"

"တကယ်လား၊ အဲ့လောက် အပျင်းပြေတာလား"

"ငါ လုံးဝ ထောက်ခံတယ်၊ မင်း နောင်တမရစေရဘူးလို့ အာမခံတယ်ကွာ"

"ဟုတ်တယ်၊ ငါ ဒုတိယပိုင်း ကြည့်ဖို့ မစောင့်နိုင်တော့ဘူး၊ ငါ ကြော်ငြာတွေ ဖြတ်ဝင်တာကိုတောင် မလိုချင်တော့ဘူး"

ဘေးမှကြည့်နေသူများထဲမှ တစ်ယောက်က ပြောလေသည်။

...

အိမ်ရာဝန်းတစ်ခုရှိ အိမ်တစ်ခု၌ ...

တစ်စုံတစ်ယောက်က ဖုန်းကို အသည်းအသန် ထုတ်၍ စိတ်လှုပ်ရှားစွာ ဖုန်းဆက်လေသည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now