စာစဉ် 36 Chapter 535 ရှင်နဲ့အတူ တွဲလုပ်ရလို့ ဝမ်းသာပါတယ်
ရဲ့လင်းချန် အောက်ထပ်သို့ ဆင်းလာသည်ကို မြင်သောအခါ တုန်းမြောင်မြောင်၏ မျက်ဝန်း၌ အနည်းငယ် တောက်ပလာသည်။ သူမက ပြာအက်နေသော အသံဖြင့် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
"ကိစ္စမရှိပါဘူး၊ အမာတဲရာစု မျိုးရိုးဗီဇကို ရှင်းလင်းရတာက ငါ့တာဝန်ပါ၊ ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး"
ရဲ့လင်းချန်က တည်ငြိမ်စွာ ပြောသည်။
ထို့နောက်တွင်မူ တိတ်ဆိတ်မှုက စိုးမိုးလာသည်။ သူတို့နှစ်ယောက်လုံး ပြောစရာ မရှိတော့ချေ။
အံ့ဩဖွယ်ကောင်းသော အနံ့တစ်ခု ထွက်ပေါ်လာမှသော ငေးငိုင်နေသော တုန်းမြောင်မြောင်တစ်ယောက် သတိပြန်ဝင်လာလေသည်။ သူမ မနေနိုင်ဘဲ နှာခေါင်းတရှုံ့ရှုံ့လုပ်၍ အနံ့ခံမိပြီးနောက် မီးဖိုချောင်သို့ လှမ်းကြည့် လိုက်သည်။
မီးဖိုချောင်မှ အငွေ့တစ်ခု ထွက်လာနေပြီး ၎င်းနှင့်အတူ မွှေးပျံ့သော ရနံ့တစ်ခုက တစ်ခန်းလုံး၌ ပြည့်နှက်နေပြီး ရနံ့က တဖြည်းဖြည်း ပိုပို သိသာလာသည်။
သူမသည် ဆက်လက်၍ ဝမ်းနည်း ပူဆွေးချင်နေသော်လည်း ထိုရနံ့တွင် သူမအား ထိုဝမ်းနည်းခြင်း နွံထဲမှ အလွယ်တကူ ဆွဲထုတ်နိုင်သည့် မှော်ဆန်သော အရည်အချင်း ရှိနေပုံရသည်။
သူမ မနက်စာအတွက် ဘာမှမစားရသေးချေ။ သူမသည် မနေ့ညကတည်းက ဘာမှမစားရမိပါ။
"ဘယ်လိုလဲ၊ မင်း နည်းနည်း စားချင်လား"
ရဲ့လင်းချန်သည် ယာဂုတစ်အိုးနှင့်အတူ နှမ်းကပ်ပေါင်မုန့်ဖြူများနှင့် ကြက်ဥကြော်တို့ကို သယ်ဆောင်လာသည်။
တုန်းမြောင်မြောင်သည် ရိုးရှင်းသော အစားအသောက်ကို ကြည့်ပြီး ဤမျှ ရိုးရှင်းသော စားစရာက ဘယ်လိုလုပ် ထိုသို့ မွှေးပျံ့သော ရနံ့မျိုး ပေးစွမ်းနေသလဲ နားမလည်နိုင် ဖြစ်နေသည်။ ယင်းက အဓိပ္ပာယ် မရှိပေ။
"မင်း စားဦးမလား"
ရဲ့လင်းချန်က သူမကို ကြည့်နေသည်။
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️