စာစဉ် 34 Chapter 508 ငါ သေမယ်ဆိုရင်တောင်မှ ဘာမှမပြောနိုင်ဘူး
"ဂလူး ဂလူး ဂလူး ..."
လီကျင့်နှင့် အလီသည် တူညီသော နည်းလမ်းကို အသုံးပြု၍ ထိုနှစ်ယောက်ကို ရေထဲ တွန်းလေသည်။
သူတို့ သတိပြန်ရလာသောအခါ လိပ်အိုကြီးအား ကြောက်လန့်တကြား ကြည့်နေသေးသော်လည်း ပြန်၍ စိတ်တည်ငြိမ်လာပြီး ရဲ့လင်းချန်တို့အဖွဲ့အား အေးစက်စွာ ကြည့်၍ ပြောသည်။
"ငါ ဘယ်သူလဲ မင်း သိလား၊ ငါတို့ လုပ်ငန်းကို မင်းတို့က ဝင်စွက်ဖက်ရဲတယ်ပေါ့၊ မင်းတော့ သေပြီသာမှတ်"
"ဖြောင်း"
သူ ထိုသို့ပြောပြီးသည်နှင့် ပါးရိုက်ခံလိုက်ရလေသည်။ ယင်းက သူ့ကို အံ့ဩသွားစေပြီး ငြိမ်ကျသွားစေသည်။
"အခု မင်း အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ပြီလား"
ရဲ့လင်းချန်က ထိုနှစ်ယောက်ကို ခက်ထန်စွာကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းတို့ အမာတဲရာစု မျိုးရိုးဗီဇကို ဘယ်လောက်များများ သိလဲ၊ ငါ့ကို အားလုံး ပြောပြ၊ ဒါဆို ငါ မင်းတို့ကို နာကျင်ခြင်းမရှိတဲ့ အဆုံးသတ်မျိုး ပေးမယ်"
"ဟီးဟီး ... ဟားဟားဟား ..."
ရဲ့လင်းချန်၏ စကားကို ကြားသောအခါ သူတို့နှစ်ယောက်သည် ရယ်မောလိုက်ကြပြီး ရဲ့လင်းချန်အား ရူးနှမ်းနေသော လူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။ နံပါတ်လေးက ပြောလာသည်။
"ဟေ့ကောင် မင်းက တော်တော် တုံးတာပဲ၊ ငါတို့က အထူးလေ့ကျင့်ရေးကို ဖြတ်သန်းခဲ့ပြီးသား၊ မင်း ဘယ်လို နည်းလမ်းပဲသုံးသုံး၊ ငါတို့ကို စကားပြောလာအောင် လုပ်ဖို့ မဖြစ်နိုင်ဘူး၊ မင်း ငါ့ကို နုတ်နုတ်စင်းပြီး ငါးစာ ကျွေးရင်တောင်မှ ငါ လုံးဝ မျက်နှာပျက်မှာ မဟုတ်ဘူး"
"ငါတို့ဆီက သတင်းရဖို့ မင်း ကြိုးစားနေတာဆိုရင် မေ့လိုက်ဖို့ ငါ အကြံပေးမယ်၊ ငါတို့ မျိုးရိုးဗီဇ စမ်းသပ်မှုကို လက်ခံလိုက်ကတည်းက ငါတို့အသက်ကို ငါတို့ ဂရုမစိုက်တော့ဘူး"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️