Chapter 443

337 27 0
                                    

စာစဉ် 30 Chapter 443 မတန်တဆ လေလံပွဲ

၎င်း၏ အသားအပြင် ဧရာမ စပါးအုံးမြွေကြီး၌ နောက်ထပ် ရတနာတစ်ခု ရှိသေးသည်။ ယင်းမှာ ၎င်း၏ သည်းခြေအိတ်ပင်။

ဧရာမ စပါးအုံးမြွေကြီး၏ အရွယ်အစားကြောင့် ၎င်း၏ သည်းခြေအိတ်ကလည်း ကြီးမားပြီး လူကြီး တစ်ယောက်၏ ဦးခေါင်းအရွယ်အစား နီးပါး ရှိသည်။ ၎င်းက နီရဲနက်မှောင်နေ၏။ ရဲ့လင်းချန်သည် ၎င်းအား ဧရာမ စပါးအုံးမြွေကြီး၏ နှလုံးဟုပင် အထင်မှားလုနီးပါး ဖြစ်ခဲ့ရသည်။

သည်းခြေအိတ်သည် မြွေ၏ စွမ်းအင် တည်ရှိရာ နေရာဖြစ်သည်။ ၎င်းက အတော်လေး တန်ဖိုးရှိသည်က သဘာဝပင်။ ထို့ကြောင့် ၎င်းအား ရောင်းချမှုကို အသားနှင့် သက်သက်စီ ခွဲထားသည်။

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

"အားလုံးပဲ လိုရင်းကို သွားလိုက်ကြတာပေါ့၊ သည်းခြေအိတ်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က မသန့်စင်မှုတွေကို ချေဖျက်ပေးတယ်၊ အေးမြစေတဲ့ အာနိသင်ရှိတယ်၊ အမြင်အာရုံ တိုးတက်စေပြီးတော့ အဆိပ်ကို ပြယ်စေနိုင်စွမ်း ရှိတယ်၊ အဲ့ဒါကို လူတစ်ယောက်ရဲ့ အာရုံကြော ဖွဲ့စည်းမှုစနစ်ကို ပြန်လည် ထိန်းသိမ်းပေးတယ်၊ ဟော်မုန်းဓာတ်ကို ညီမျှစေပြီးတော့ အဆိပ်ဒဏ် ခံနိုင်တယ်၊ ခန္ဓာကိုယ်ရဲ့ ကြီးရင့်မှုကို နှေးကွေးစေပြိးတော့ ဆေးဖော်စပ်ဖို့ အလွန် တန်ဖိုးရှိတဲ့ ပါဝင်ပစ္စည်းတစ်ခုပဲ၊ ဒီမြွေရဲ့ သည်းခြေအိတ် တန်ဖိုးက ပြောနေစရာတောင် မလိုတော့ပါဘူး၊ ကျွန်တော် ကြမ်းခင်းဈေးကို တစ်သန်းထားမယ်၊ လေလံပွဲကို စလို့ ရပါပြီ"

သည်းခြေအိတ်တစ်ခုကို တစ်သန်း။ ဤမတိုင်ခင်က ယင်းသည် မယုံနိုင်စရာ ကောင်းလှသည်။ သို့သော် ထိုကုမ္ပဏီများအားလုံးက တည်ငြိမ်စွာ လက်ခံထားကြသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သူ့လက်ထဲက နံပါတ်ကို မြှောက်၍ ပျော့ပျောင်းစွာ ပြောလိုက်သည်။

"ကျုပ်တို့ ဟွေဟုန် ဆေးဝါးထုတ်လုပ်ရေးက သုံးသန်း ပေးတယ်"

စကားတစ်ခွန်းတည်းနှင့် ဈေးက သုံးဆ တက်သွားပါတကား။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now