Chapter 506

308 23 0
                                    

စာစဉ် 34 Chapter 506 ရင်းရင်းနှီးနှီး ပြောဆိုတာက ရိုးနေပြီ၊ ပိုက်ဆံအကြောင်း ပြောရအောင်

"ဝုန်း"

နံပါတ်ခြောက်သည် ခွေးသေတစ်ကောင်သဖွယ် အနောက်သို့ လွင့်ထွက်သွားပြီး နံပါတ်လေးအနား၌ ပစ်လဲသွားသည်။

ရဲ့လင်းချန်က သူတို့အနားသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး သူတို့ကို လေ့လာလေသည်။

သူတို့သည် အရင်ပုံစံသို့ ပြန်မပြောင်းသေးသော်လည်း သူတို့၏ ခန္ဓာကိုယ်များက တုန်နေသည်။ ယင်းက အသိစိတ် စွမ်းရည် လွတ်တော့မည့် ရှေ့ပြေးနိမိတ်လိုပင်။ သူတို့သည် မကြာခဏ သွားများဖြဲ၍ အချိန်နှင့်အမျှ သားရဲများသဖွယ် မာန်ဖီနေလေသည်။ သူတို့၏ မျက်နှာများက ရှုံ့မဲ့နေပြီး သူတို့၏ ခြေလက်များနှင့် လက်သည်းများကို အသည်းအသန် ဆန့်တငင်ငင် ဆွဲနေသည်။ သူတို့သည် ကြောင်ရိုင်းများနှင့် ခွေးရိုင်းများကဲ့သို့ မြေကြီးပေါ် လဲနေ၏။

"သူတို့ရဲ့ လူ့အသိစိတ်က စပြီးတော့ လျော့နည်းလာပြီပဲ"

ရဲ့လင်းချန်က အနည်းငယ် မျက်ခုံးပင့်၍ တစ်ကိုယ်တည်း ပြောလိုက်သည်။

ထိုဖြစ်စဉ်ကို ဆုတ်ယုတ်ခြင်းဟု အမည်တပ်ရပေမည်။ သို့သော် လူသားများသည် သဘာဝအားဖြင့် ထိုသို့သော အပြုအမူနှင့် မဆုတ်ယုတ်တတ်ပါ။ ယင်းက လူသား၊ ကြောင်နှင့် ခွေးတို့ကို မျိုးစပ်ထားခြင်းလေလော။

"မျိုးရိုးဗီဇလား"

ရဲ့လင်းချန်သည် ယခုအထိ ထိတ်လန့်နေသေးသော တုန်းမြောင်မြောင်ကို လှမ်းကြည့်ပြီး စိတ်ထဲ၌ တစ်စုံတစ်ရာကို ခန့်မှန်းမိသွားသည်။

"သခင်လေးရဲ့၊ မင်းက အံ့ဩဖို့ကောင်းတာပဲ"

လီကျင့်နှင့် အလီတို့က ပြိုင်တူ ပြောလာသည်။ သူတို့သည် ထိတ်လန့်ဖွယ်ကောင်းသော ရဲ့လင်းချန်ကို ကြည့်ပြီး စိတ်ထဲ၌ ပို၍ စိတ်လှုပ်ရှားလာကြသည်။

*အံ့ဩဖို့ကောင်းလွန်းတယ်*

*ဒါ ယောက်ျားတစ်ယောက်ရဲ့ ဝိသေသပဲ*

သူတို့သည် သိုင်းပညာကို နှစ်ခြိုက်ပြီး သူတို့ကိုယ်သူတို့ စစ်မြေပြင်၌ ပြေးလွှား၍ တိုက်ခိုက်နေသည်ကို စတင်၍ စိတ်ကူးယဉ်လာကြသည်။ ပြိုင်ဘက်ကင်းသော ခွန်အား ပိုင်ဆိုင်ထားသည့် မြင်ကွင်းက အလွန် ကြည့်ကောင်း နေမှာ သေချာပေသည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now