စာစဉ် 33 Chapter 486 ထိပ်တန်းအဆင့် ဒါရိုက်တာတစ်ယောက်၏ လှည့်ကွက်များ
"အဲ့ဒါပဲဆိုရင်တော့ ငါ ခန့်မှန်းမိပြီးသားပါ"
ရဲ့လင်းချန်က အသာပြုံး၍ ပြောလိုက်သည်။
"ဆရာရဲ့၊ ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးချင်တဲ့ အခြားကိစ္စတစ်ခုလည်း ရှိပါသေးတယ်၊ Vatti ဌာနချုပ်က ကျွန်တော်တို့ ပူးပေါင်းတာကို သိသွားပြီးတော့ ကြော်ငြာပိုင်းနဲ့ ပတ်သက်ပြီး ကူညီပေးဖို့ စဉ်းစားနေပါတယ်၊ ခင်ဗျားရော ဘယ်လို သဘောရလဲ မသိဘူး"
မာတင်က မေးလာသည်။
ထိုအစည်းအဝေးမှ အကြောင်းအရာများကို သူ ထုတ်မပြောရဲပါ။ အကယ်၍ အခြားသူများက သူ့အရည်အချင်းအား မေးခွန်းထုတ်သည့်အကြောင်းကို ဆရာရဲ့သာ သိသွားပါက Vatti နှင့် ပူးပေါင်းမှုကို ရပ်စဲလောက်သည်။ ထိုသို့ ဖြစ်လာလျင် သူတို့၏ ဆုံးရှုံးမှုက ကြီးမားပေလိမ့်မည်။
"ကူညီပြီး ကြော်ငြာပေးတာက အဆင်ပြေပါတယ်၊ ဒါပေမဲ့ စီမံခန့်ခွဲမှု အပိုင်းကို ဝင်နှောင့်ဖို့တော့ မကြိုးစားနဲ့ပေါ့"
ရဲ့လင်းချန်၏အသံက မပြောင်းလဲချေ။
"အင်း စိတ်ချပါ ဆရာရဲ့၊ ကျွန်တော် သေချာပေါက် ကတိတည်မှာပါ၊ မင်းရဲ့ဌာနက သီးသန့် ဖြစ်နေမှာပါ"
မာတင်က အလျင်အမြန် သဘောတူလိုက်သည်။ ထို့နောက် သူက အခြား မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။
"မင်းရဲ့ တန်ဖိုးကြီး အမှတ်တံဆိပ်ကို ဘာနာမည် ပေးမလဲ"
"အိတ်မှာ ပုံနှိပ်ထားပြီးသား မဟုတ်ဘူးလား၊ ဝိုင်ဆိုတဲ့ စာလုံးကိုပဲ သုံးတာပေါ့"
*ဝိုင်တဲ့လား*
မာတင် ရင်ခုန်သွားသည်။
*အိတ်မှာ အဲ့စာလုံးကို ပုံနှိပ်ထားတာ အဲ့အကြောင်းရင်းကြောင့်လား*
ဝိုင်က ဘာကို ကိုယ်စားပြုလဲဆိုသည်ကို အားလုံး သိကြသည်။ ဆရာရဲ့က တန်ဖိုးကြီး အမှတ်တံဆိပ်၏ အကောင်းဆုံ ဖြစ်ရန် ရည်ရွယ်ထားပါတကား။
ဖုန်းပြောပြီးနောက် မာတင်၏ နှလုံးက အချိန်အတိုင်းအတာ တစ်ခုအထိ ဆက်၍ အခုန်မြန်နေသေးသည်။ ဆရာရဲ့၏ စိတ်ထားက သူ့အပေါ် အကြီးအကျယ် လွှမ်းမိုးသွားခဲ့သည်။ ဆရာတစ်ယောက်ဟု မပြောရပါ၊ ဤသို့သော အောင်မြင်မှုကြီးနှင့် ကြုံရသော်လည်း တည်ငြိမ်မှု မပျက်သွားပေ။ ဤသည်က ကျွမ်းကျင်သူ တစ်ယောက်၏ အပြုအမူပင်။
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️