Chapter 536

223 17 1
                                    

စာစဉ် 36 Chapter 536 သံသယများ

သဘောတူညီမှု ရရှိပြီးနောက် တုန်းမြောင်မြောင်က USB drive တစ်ခုကို ထုတ်ပေးသည်။

သူမက USB ကို နောင်တရသော အကြည့်ဖြင့် ကြည့်နေပြီးနောက် ရဲ့လင်းချန်အား ခပ်မြန်မြန် ပေးလိုက်သည်။

"ဒီထဲမှာ ကျွန်မတို့ ကုမ္ပဏီရဲ့ ဆေးဖော်မြူလာတွေ ရှိတယ်၊ ယူလိုက်"

ရဲ့လင်းချန်က ခေါင်းညိတ်ပြီး သူမဆီမှ USB ကို ယူလိုက်သည်။

"ဘော့စ် ရှင် ဘာလုပ်ဖို့ စီစဉ်ထားလဲ"

တုန်းမြောင်မြောင်က တဲ့တိုး မေးလိုက်သည်။

"ငါတို့ ကုမ္ပဏီ ဌာနချုပ်နဲ့ ငါတို့ဆေး ထုတ်လုပ်ဖို့အတွက် မြေတစ်ခု ဝယ်ဖို့ ငါ စိတ်ကူးထားတယ်၊ ငါတို့ ဒါကို လုပ်မယ်ဆိုရင် အကောင်းဆုံး လုပ်ရမှာပေါ့"

ရဲ့လင်းချန်က ပြောသည်။ ထို့နောက် သူက ဆက်ပြောလေသည်။

"ပြီးတော့ လူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ဖို့အတွက် ငါတို့ သိပ်ထူးခြားတဲ့ ဆေးကို ထုတ်လုပ်ဖို့ လိုတယ်၊ အဲ့ဒါကြောင့် ငါ မဝေးတော့တဲ့ အနာဂတ်မှာ သုတေသနအချို့ လုပ်မယ်၊ ဒီကာလ အတောအတွင်းတော့ မင်း ဒီမှာပဲ နေတာ ကောင်းလိမ့်မယ်"

"ထူးခြားတဲ့ ဆေး ဟုတ်လား"

တုန်းမြောင်မြောင်သည် ရဲ့လင်းချန်အား တစ်ချက်ကြည့်၍ ပြန်ပြောချင်စိတ်ကို ထိန်းထားရသည်။

ရဲ့လင်းချန်အတွက် ထိုသို့ ပြောရန် လွယ်ကူလောက်သော်လည်း ယင်းက အသေးအဖွဲ ကိစ္စလေး မဟုတ်ချေ။

ဆေးများသည် အလွန်အမင်း သတိထားရသည်။ ၎င်းသည် ထိုကဲ့သို့ သုတေသန လုပ်နိုင်သော အရာတစ်ခု မဟုတ်ပါ။ ၎င်းက ထိရောက်ခြင်း မရှိခြင်း သို့မဟုတ် ဘေးထွက် ဆိုးကျိုးများ ရှိနေပါက ကုမ္ပဏီအတွက် အဆုံးသတ် သွားလောက်သည်။

*ဒီလူက တကယ်ကို ကြီးကြီးကျယ်ကျယ် စိတ်ကူးရဲတာပဲ*

ရဲ့လင်းချန် ဝယ်ရန် စိတ်ကူးထားသော မြေကွက်က ကျွန်းတစ်ခုလုံး ဖြစ်သည်ကို သူမ သိခဲ့ပါက သူ့စကားကို သူမ ထပ်မံ၍ ချေပလောက်သည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now