စာစဉ် 33 Chapter 489 လျင်မြန်စွာ တိုးတက်ခြင်း
ဝိုင်ဌာနသည် ရဲ့လင်းချန်၏ ထိန်းချုပ်မှုအောက်၌ အပြည့်အဝ ရှိသည်။ ရှောင်ဖေးဖေးအတွက် တစ်လုံး ချန်ထားရန် သူ့အတွက် အလွန် လွယ်ကူပေသည်။
"ရှင်က ကျွန်မကို အစ်မဖေးဖေးလို့ ခေါ်နေတာပဲ၊ ကျွန်မက ရှင့်ထက် အသက်ကြီးတယ်လို့ ထင်နေတာလား၊ ကျွန်မက အဲ့လောက် အသက်ကြီးနေပြီလား"
ရှောင်ဖေးဖေး၏ မျက်နှာထားက ပိုကောင်းမလာပေ။ ရဲ့လင်းချန် ဆွံ့အသွားရသည်။
အချိန်တော်တော်များများ၌ အမျိုးသမီးများ၏ အတွေးက အတော်လေး ထူးဆန်းပေသည်။ အမျိုးသားတစ်ယောက်အတွက် ပြဿနာ တစ်စုံတစ်ရာ ပေါ်လာပါက ဖြေရှင်းရန်သာ လိုအပ်ပေသည်။ သို့သော် အမျိုးသမီးများက ထိုသို့ မတွေးပေ။ ပြဿနာတစ်ခု ပေါ်လာပါက သူမတို့က အခြေအနေကို အလွန်အကျွံ လေ့လာ သုံးသပ်ပြီး မရေတွက်နိုင်သော ပြဿနာများကို ဖော်လေတော့သည်။ ကိစ္စ သေးသေးတစ်ခုအတွက်နှင့် သူမတို့ ရုတ်တရက် ထငိုနိုင်ကြသည်။
ရှောင်ဖေးဖေးက ထိုသို့သော ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရမှန်း သိသာပေသည်။ အစက သူမကိုယ်သူမ ယုံကြည်ချက် ရှိခဲ့ပြီး အနည်းဆုံး ကျောက်လျန့်ရင်ကိုတော့ သူမ မရှုံးလောက်ဟု ခံစားမိခဲ့သည်။ သို့သော် သူမ ရုတ်တရက် ပြဿနာ တစ်ခုကို သတိပြုမိခဲ့သည်။ ယင်းမှာ သူမက ကျောက်လျန့်ရင်ထက် ပိုအသက်ကြီးပြီး သူမကဲ့သို့ ငယ်ရွယ်နုပျိုခြင်း မရှိပါ။ ထိုပြဿနာက သူမစိတ်ထဲ၌ အတိုင်းအဆမဲ့ ပျံ့နှံ့လာပြီး သူမအား ပို၍ စိုးရိမ်ပူပန်လာစေသည်။
"အင်း ... ဖေးဖေး"
ရဲ့လင်းချန်သည် ကိုယ့်ကိုယ်ကိုယ် ဖိအားပေး၍ သူမကို သူ ခေါ်သော အခေါ်အဝေါ်အား ပြောင်းလိုက်ရသည်။
ဤသို့သော အခြေအနေ၌ "မင်းက အသက်ကြီးပုံ မပေါ်ပါဘူး" ၊ "မင်းက လှပါတယ်" ဟူသော စကားများက အသုံးမဝင်ပါ။ အပြုအမူဖြင့် ချက်ချင်း ဖော်ပြသည်က အကောင်းဆုံးပင်။
ထင်ထားသည့်အတိုင်းပင် ရဲ့လင်းချန်၏ အခေါ်အဝေါ်ကို ကြားပြီးနောက် ရှောင်ဖေးဖေးက ပြုံးလာသည်။ သူမက နူးညံ့စွာ ပြုံး၍ ပြန်ပြောလိုက်သည်။
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️