Chapter 458

347 24 0
                                    

စာစဉ် 31 Chapter 458 ပန်းချီကားထဲမှ ထွက်လာသော အမျိုးသမီး

"ဘယ်လို"

ရုတ်တရက် ဆိုလာသဖြင့် ချောင်ရှန်ရှန် လုံးဝ အဆင်သင့်မဖြစ်သလို ဖြစ်သွားရသည်။

"မှန်ထဲ ကြည့်လိုက်"

သူမဦးနှောက်ထဲ ဗလာဖြစ်နေပြီး သူမ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူမ အမှန်တကယ် ကြောက်ရွံ့နေပြီး သူမ၏ နောက်ဆုံးဆန္ဒက ဒုက္ခအဖြစ် အဆုံးသတ်သွားမည်ကို စိုးရိမ်နေ၏။

"လုပ်လေ ကြည့်ကြည့်လိုက်"

သူမ အဆင်သင့်မဖြစ်ခင်မှာပင် ရဲ့လင်းချန်က လှုပ်ရှားလာသည်။ သူက မှန်တင်ခုံပေါ်မှ မှန်ကို လက်တစ်ဖက်ဖြင့် ယူ၍ သူမရှေ့၌ ရပ်လိုက်သည်။

ထိုအခိုက်တွင် ချောင်ရှန်ရှန်၏ ဦးနှောက်သည် မီးတောက်ပေါက်သကဲ့သို့ ပွင့်ထွက်သွားလေသည်။ သူမ ခေါင်းနားပမ်း ကြီးနေပြီးနောက် မှင်တက် အံ့အားသင့်နေသည်။

သူမသည် မှန်ထဲမှ သူမပုံကို ရီဝေသော မျက်လုံးများဖြင့် ကြည့်နေပြီး မယုံနိုင်ဖြစ်နေလေသည်။

"ဒီမှန်ထဲက လူက တကယ်ပဲ ကျွန်မလား"

သူမ ငေးငိုင်စွာ ရေရွတ်နေသည်။ သူမမျက်ဝန်းတွင် မျက်ရည်များက တာတမံ ကျိုးလုနီးပါး ဖြစ်သကဲ့သို့ ပြည့်နှက်လာလေသည်။

"မငိုပါနဲ့၊ မိတ်ကပ်တွေ ပေပွကုန်ရင် မကောင်းဘူး"

အဖြစ်အပျက်ကို မြင်ပြီးနောက် ကျန်းယွင်ရှီက ချောင်ရှန်ရှန်ကို ချက်ချင်း သတိပေးသည်။

သူမသည် ချောင်ရှန်ရှန်ကို ကြည့်ပြီး ယခင်က ပုံစံနှင့် နှိုင်းယှဉ်မိသည်။ ယခု မျက်နှာပုံစံအသစ်ကို ကြည့်၍ မဝနိုင်ပါ။ သူမသာ မျက်စိနှင့် တပ်အပ်မမြင်ခဲ့ပါက လူတစ်ယောက်တည်း ဖြစ်သည်ကို သူမ ယုံရခက် လောက်သည်။

ရဲ့လင်းချန်၏ မိတ်ကပ်သည် သူမ၏ မူလ အသွင်အပြင်ကို ပြန်မရစေပါ။ သို့သော် သူက သူမ၏ အမာရွတ်ပေါ်၌ မိတ်ကပ် ဖုံးလိုက်ခြင်းသာ ဖြစ်လေသည်။

သူမ၏ မီးလောင်ထားသော မျက်လုံးထောင့်မှနေ၍ မက်မွန်ပန်းတစ်ပွင့် ပွင့်လန်းနေပြီး အမာရွတ် တောက်လျှောက် ပွင့်လန်းပျံ့နှံ့နေ၏။ မူလ ဒဏ်ရာက နောက်ခံပုံရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး လုံးဝ အနေခက်မနေပါ။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now