Chapter 492

310 26 0
                                    

စာစဉ် 33 Chapter 492 အထင်သေးခြင်း

ကျောက်လျန့်ရင်က ရဲ့လင်းချန်ကို ကြည့်၍ မေးလိုက်သည်။

"လင်းချန် ရှင့်ရဲ့ ခန့်မှန်းချက်က ဘယ်လောက်လဲ"

လူတိုင်းက သူ့ကို အာရုံစိုက်လာသောအခါ ရဲ့လင်းချန် ကူကယ်ရာမဲ့သွားလေသည်။ သူသည် တစ်ခဏမျှ အလေးအနက် တွေးပြီးမှ ပြောလိုက်သည်။

"ကိုယ့်အချစ်အတွက်ရဲ့ နှုန်းထက်တော့ ပိုမြင့်မှာ သေချာတယ်လို့ ငါ ထင်တယ်"

ရဲ့လင်းချန်သည် အငြိုးထားတတ်သော သူတစ်ယောက် မဟုတ်ပါ။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသည် ကိုယ့်အချစ်အတွက်ကြောင့် စာရင်းမှ ဖယ်ရှားခံရသော်လည်း ရဲ့လင်းချန် မမုန်းတီးပါ။ နာမည်ကို သူ မှတ်မိနေရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ထိုနာမည်က မှတ်ရလွယ်သောကြောင့် ဖြစ်သည်။

*အာ ... အဲ့ဒါက တကယ် ပြောတာပါ*

"ကျုပ်လည်း အဲ့လိုထင်တယ်"

လီထိုက်က အလျင်အမြန် ခေါင်းညိတ်၍ ထောက်ခံသည်။

"လျိုလျန်ရုပ်သံက ငါတို့ကို ကိုယ့်အချစ်အတွက်နဲ့ စွန့်ပစ်ခဲ့တယ်၊ ဒီတခါတော့ သူတို့ သေချာပေါက် နောင်တရမှာ"

"ဟုတ်တယ်၊ ငါတို့ တစ်ချိန်တည်းလွှင့်တဲ့ အခြားဇာတ်လမ်းတွဲတွေကို အနိုင်ပိုင်းပြီး နှစ်သစ်ကူး ဇာတ်လမ်းတွဲ တွေထဲမှာ ထိပ်ဆုံး‌ရောက်ရမယ်"

"နှစ်သစ်ကူးရဲ့ ဇာတ်လမ်းတွဲတွေကို စိုးမိုးမယ်ကွ"

...

ယခင်က တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို အခြားသူများက အထင်မကြီးသော်လည်း ယခု အားလုံး၏ စိတ်က တစ်ရာ့ရှစ်ဆယ် ဒီဂရီ ပြောင်းလဲသွားလေပြီ။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ဟာကွက်ရှိသော ဇာတ်လမ်း ဖြစ်လိမ့်မည်ဟု သူတို့ မထင်ပါ။ ဘဝသရုပ်ဖော် ဟာသဇာတ်လမ်းတွဲက ၎င်း၏ ကိုယ်ပိုင် တစ်မူထူးခြားမှုများ ဖွံ့ဖြိုးလာအောင် လုပ်နိုင်ပါက အသက်အရွယ်တိုင်းက သဘောကျပြီး လက်ခံကြမှာ သေချာသည်။

ထို့အပြင် နောက်ပိုင်းအဆင့်များ၌ ရဲ့လင်းချန်၏ ပါဝင်မှုကြောင့် သူတို့၏ စံချိန်စံနှုန်းက ရှုထောင့်အမျိုးမျိုးမှ တိုးတက်လာခဲ့သည်။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းအပေါ် အားလုံး၏ ယုံကြည်မှုကလည်း တိုးလာ၏။ ဤဇာတ်လမ်းတွဲက မယုံနိုင်လောက်အောင် ပျော်စရာကောင်းမှာ သေချာသည်။ ထို့ကြောင့်ပင် သူတို့က ရဲ့လင်းချန်ကို ခန့်မှန်းစေလိုခြင်း ဖြစ်သည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now