Chapter 461

476 32 0
                                    

စာစဉ် 31 Chapter 461 ငါ နှိမ့်ချပြီးနေချင်ပင်မယ့် ငါ့ညီအစ်ကိုတွေက မနေပါလား

"ရှောင်ရဲ့၊ ငါ မင်းကို ခဏလောက် ဖက်ပါရစေ၊ ဒါမှ ငါ ရဲ့နတ်ဘုရားရဲ့ အရှိန်အဝါတွေကို ထိတွေ့နိုင်မှာ"

အာလူလေးက ရဲ့လင်းချန်ကို ဖက်ရင်း ပြောလေသည်။

"ချီးပဲ၊ ငါလည်း ထိချင်တယ်ကွ"

ရှန်းရှင့် ရှောင်ကမ်းကလည်း ချက်ချင်း လိုက်လုပ်လေသည်။

ရဲ့လင်းချန်က စူပါစတားတစ်ယောက်၏ အရှိန်အဝါမျိုး ရသွားပြီးနောက် သူ့ကို ထပ်တွေ့ရန် ခက်လိမ့်မည်ဟု သူတို့ အစက စိုးရိမ်ခဲ့ကြသည်။ သို့သော် သူ့ကို တွေ့ပြီးနောက် ယင်းက သူတို့ စိုးရိမ်စရာ မလိုကြောင်း သတိပြု လိုက်မိသည်။

"ရှောင်ရဲ့၊ မင်း ဘာလို့ ဒီကို လာဖို့ အချိန်ပိုရတာလဲ၊ မင်း သိပါတယ်၊ အခု မင်းက စူပါစတား တစ်ယောက် ဖြစ်နေပြီဆိုတော့ ငါတို့ ကျောင်းအုပ်က မင်းကို နာမည်တပ်ပြီး ချီးကျူးနေတာ၊ မင်းက ငါတို့ကျောင်းရဲ့ ဂုဏ်ဆောင်လို့ ပြောနေတာလေ"

ရှောင်ကမ်းက ပြောပြသည်။

"မင်း ဒီရောက်နေတာကို တစ်ယောက်ယောက် သိလို့ကါတော့ ငါတို့ ဒီကစားကွင်းမှာ နင်းသတ်ခံရလောက်တယ်"

အာလူးလေးက ပြောသည်။

"ငါတို့ သတိထားမှ ဖြစ်မယ်"

"ငါ မင်းကို ပြောရဦးမယ်၊ ကျောင်းက မင်းပုံကို ဘောင်သွင်းပြီး လူရည်ချွန်တွေရဲ့ ပုံတွေ ထားတဲ့ နံရံမှာ ချိတ်ထားတယ်"

ရှန်းက ဆက်ပြောလေသည်။

"မင်းနဲ့ငါက အတန်းတူပြီးတော့ အခန်းဖော် ဖြစ်ခဲ့တာကို တွေးမိရင် ငါ အိပ်မက်လိုပဲ ခံစားရတယ်"

*နံရံမှာ ချိတ်ထားတယ် ဟုတ်လား*

ယင်းက အနေရခက်လှပေသည်။

အချင်းချင်း မတွေ့ရတာ ကြာနေသဖြင့် သူတို့ သုံးယောက်က သူတို့ ရင်ထဲက ပြောချင်သော ကိစ္စများကို ထုတ်ပြောကြသည်။ သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် ကျောင်းရှိ လတ်တလော အခြေအနေများကို ရဲ့လင်းချန် သိအောင် အလှည့်ကျ ပြောပြလေသည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now