စာစဉ် 33 Chapter 485 သမိုင်းတွင်ခြင်း
ဖုန်းခေါ်လာသည့် နံပါတ်က ထူးဆန်းသည့် နံပါတ်ဖြစ်နေပြန်သည်။
လူတိုင်း၏ နှလုံးသားက မသိမသာ မြန်ဆန်လာ၏။
*မဟုတ်မှလွဲရော ...*
မာတင်က ဖုန်းကို အေးအေးဆေးဆေး ကိုင်လိုက်သည်။
"ဟဲလို အမိန့်ရှိပါ ..."
"ဟိုင်း မစ္စတာမာ၊ ကျုပ်က တန်ဖိုးကြီးပစ္စည်း အကဲဖြတ်ရေးစင်တာကပါ၊ ကျုပ်က ဂျပန်နိုင်ငံကပါ၊ ကျုပ်တို့ မင်းရဲ့ ထုတ်ကုန်တွေကို ကြည့်ပြီးပါပြီ၊ အဲ့ဒါတွေက အံ့ဩဖို့ကောင်းတာပဲ၊ မင်း ငါတို့အတွက် ထုတ်ကုန် ဘယ်လောက် ပံ့ပိုးနိုင်မလဲ သိချင်ပါတယ်"
"ဒီပစ္စည်းက လောလောဆယ် အရေအတွက်က အကန့်အသတ် ဖြစ်နေပါတယ်၊ ကျုပ် ခင်ဗျားတို့ကို အိတ်အခု ငါးဆယ်နဲ့ အစုံနှစ်ဆယ်စာ ပေးနိုင်ပါတယ်"
မာတင်က ချက်ချင်းဆိုသလိုပင် အရေအတွက်ကို ပေးလိုက်သည်။ ယင်းက အင်္ဂလန်သို့ ပို့မည့် အရေအတွက်၏ တစ်ဝက်သာ ရှိသည်။
"ဥက္ကဋ္ဌမာ၊ မင်း ပြန်စဉ်းစားပေးနိုင်ဦးမလား၊ ကျုပ်တို့ ဂျပန်နိုင်ငံရဲ့ တန်ဖိုးကြီး ပစ္စည်းကို မြတ်နိုးစိတ်က တအား ကောင်းပါတယ်"
"ကျုပ် ထပ်စဉ်းစားစရာ မရှိတော့ပါဘူး၊ ခင်ဗျားတို့ လိုချင်တယ်ဆိုရင် ကျုပ်တို့ ပေးနိုင်တာ ဒီလောက်ပါပဲ"
မာတင်က အလွန် ယုံကြည်ချက် ရှိသည်။
"ကောင်းပြီလေ၊ ပူးပေါင်းခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်၊ ခင်ဗျား ထုတ်ကုန် ထပ်ပို့ပေးမယ်ဆိုရင် အချိန်မရွေး ကြိုဆိုနေပါတယ်"
...
ဖုန်းပြောပြီးသွားသည်နှင့် လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားသည်။ လူတိုင်းက မာတင်ကို ကြည့်နေလေ၏။
"ဖြန်း"
သူတို့ထဲမှတစ်ယောက်သည် မနေနိုင်ဘဲ ကိုယ့်ပါးကိုယ် ပြန်ရိုက်လေသည်။
"နာတယ်ဟ၊ ဒါ အိပ်မက်မဟုတ်ဘူးပဲ"
"အံ့ဩဖို့ ကောင်းလိုက်တာ၊ Vatti မှာ ဘယ်တုန်းက လေသံမာမာနဲ့ ပြောနိုင်သွားတာလဲ"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️