Chapter 550

164 14 1
                                    

. စာစဉ် 37 Chapter 550 ပိုက်ဆံရှာရန် စိတ်အားထက်သန်လာခြင်း

အားလုံးကို အဆုံးသတ် လုပ်ဆောင်ပြီးနောက် ရဲ့လင်းချန်သည် စစ်သည်တော်ဌာနမှ ချက်ချင်း ထွက်လာခဲ့သည်။

ယခုအခါတွင် သူ့အား ပြောဆိုဆက်ဆံပုံက သူ ရောက်လာခါစနှင့် မတူတော့ချေ။ လူတိုင်းက သူ့အား မတူတော့သည့် အမြင်ဖြင့် ကြည့်လာကြပြီး သူတို့၏ စိတ်ထဲ၌ အံ့ဩစိတ်တို့ ဖြစ်ပေါ်လာကာ ရဲ့လင်းချန်အား လှိုက်လှိုက်လှဲလှဲ လိုက်ပို့ကြသည်။

ရဲ့လင်းချန်သည် သူတို့၏ အသက်ကို ကယ်ခဲ့ရုံသာမက နောင်တွင်လည်း သူတို့ကို လေ့ကျင့်ပေးမည် ဖြစ်ကာ ဇာတ်လမ်းတွဲ ရိုက်ကူးရေးအတွက်လည်း သူတို့ကို ပိုက်ဆံပေးသေးသည်။ သူတို့ထဲက ဘယ်သူက ထိုသို့သော လူမျိုးကို မအံ့ဩဘဲ နေမည်နည်း။

သူ အိမ်ပြန်ရောက်ချိန်တွင် ညဉ့်နက်နေပြီ ဖြစ်သည်။ သို့သော် အိုးရန်ချင်း၊ ရှောင်ဖေးဖေးနှင့် ရှုနန်တို့ အားလုံးပါ ရောက်နေသဖြင့် သူ အံ့အားသင့်သွားရသည်။

လူများစွာက ရဲ့လင်းချန်၏အိမ်သို့ ရောက်နေပြီး ကျန်းယွင်ရှီက ဧည့်ခံထားသည်။ သို့သော် အခြေအနေက အနည်းငယ် တင်းမာနေသည်။

ရဲ့လင်းချန် ပြန်လာသည်ကို မြင်ပြီးနောက် ရှောင်ဖေးဖေးက သူ့အား ခါးသီးသော အကြည့်ဖြင့် ကြည့်လာသည်။

*ကျန်းယွင်ရှီက သူ့မိန်းကလေး ဟုတ်တယ်မလား၊ ဒါဆို တခြား မိန်းမတွေက ဘာတွေလဲ၊ ဒီလူက မိန်းမ ပွေရှုပ်တဲ့ နေရာမှာ အရမ်း တော်နေတာပဲ*

ရှုနန်က ခပ်သွက်သွက် လျှောက်သွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဆရာ၊ ရှင် ကျွန်းတစ်ကျွန်း ဝယ်လိုက်ပြီလို့ ကျွန်မ ကြားခဲ့တယ်၊ အဲ့ဒါ တကယ်ပဲလား"

ရဲ့လင်းချန်က ပြုံးပြီး‌ ခေါင်းညိတ်ပြသည်။

"အားးးးးးး ... ကျွန်မတို့ကို ပြပါဦး၊ မြေပုံ ဘယ်မှာလဲ၊ အဲ့ဒါက ဘယ်ကျွန်းလဲ"

ရှုနန် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ လှမ်းကြည့်နေသည့် အမျိုးသမီးအားလုံး၏ မျက်လုံးတွင်လည်း စိတ်လှုပ်ရှားဟန်များ ဖုံးလွှမ်းနေသည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now