စာစဉ် 35 Chapter 523 မျက်စိစုံမှိတ် ယုံကြည်အားကိုးတာက အသက်သေစေနိုင်တယ်
တင်းမာသော ထိပ်တိုက်တွေ့ခြင်း အဆုံးသတ်သွားသည့်အခါတွင်မှ အခြား စစ်သည်တော်များအားလုံး စိတ်အေးကာ အသက်ရှူနိုင်တော့သည်။
လူတော်တော်များများက ရဲ့လင်းချန်အား စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် လှမ်းကြည့်၍ အသံတိုးတိုးဖြင့် ပြောလာကြသည်။
"သူက ရဲ့လင်းချန်အား၊ အဲ့ဒီ ဒဏ္ဍာရီလာ ရက်စက်တဲ့လူလား"
"လခွမ်းကွာ ... သူက တကယ် ရက်စက်တာပဲ၊ လူတစ်ယောက်က သားရဲတွေနဲ့ သန္ဓေပြောင်း စစ်သည်တော်တွေ အများကြီးကို ဒဏ်ရာရအောင် လုပ်နိုင်တယ်၊ သူက တော်တော် သန်မာတာပဲ"
"သူနဲ့ ခေါင်းဆောင်ကျန့်က အဆင်မပြေတဲ့ပုံပဲ၊ ဘယ်သူက ဘယ်သူထက် ပိုသာလဲ မသိဘူး"
"သူက အမြင့်တန်း စစ်သည်တော်တစ်ယောက် သက်သက်ပဲလေ၊ ခေါင်းဆောင်ကျန့်က အလယ်တန်းအဆင့် စောင့်ကြပ်သူလေ၊ ခေါင်းဆောင်ကျန့်ကို သူ စိန်ခေါ်ရဲတယ်ဆိုရင်တော့ သူ တော်တော် ခေါင်းမာတာပဲ"
"သူက 'ကိုယ်ကျင့်တရားကို ထိန်းသိမ်းနိုင်တဲ့သူက စိတ်ဓာတ် ပိုသာတယ်' ဆိုတာနဲ့ "ချွေးထွက်များမှ သွေးထက်နည်းမယ်' ဆိုတဲ့ စကားကို ပြောခဲ့တဲ့သူလား၊ ချီးပဲ ... သူက ငါ့စံပြပုဂ္ဂိုလ်ပဲ"
"သူက ဒီလောက် ငယ်နေလိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားခဲ့ဘူး၊ သူတို့နှစ်ယောက် မတိုက်တာ နှမြောစရာပဲ၊ မဟုတ်ရင် ပွဲကြီးပွဲကောင်း ကြည့်ရပြီ"
...
လူအများသည် အခြေအနေကို စူးစမ်းရန် ဝူယွဲ့ထံသို့ ချဉ်းကပ်လာကြသည်။
"ဝူယွဲ့ ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ အဲ့ဒီ ရဲ့လင်းချန်က မောက်မာလွန်းရတာလဲ၊ သူ့ကို ကိုယ်တိုင် တွေ့ရတာနဲ့ သူ့အကြောင်း ကြားထားတာတွေက တကယ်ကို တခြားစီပဲ"
"ဟုတ်တယ်၊ သူ့ကို ဆွဲထားရုံပဲ ရှိမယ်ဆိုတာက ဘာသဘောလဲ ... သူက တော်တော် ထိန်းမရတော့ဘူးပဲ၊ သူက ဒီကမ္ဘာမှာ နံပါတ်တစ်ပဲလို့ မပြောရုံတမယ်ပဲ"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasíaChapter 401-600 I don't own this story!! All credit goes to Original Author! ✍️