Chapter 449

377 27 0
                                    

စာစဉ် 30 Chapter 449 မြတ်စွာဘုရား မိစ္ဆာကြီးပါလား

အေးချမ်း၍ တည်ငြိမ်နေသော ကန်ရေမျက်နှာပြင်၌ ခပ်လှမ်းလှမ်းမှနေ၍ လူတစ်ယောက်နှင့် လိပ်တစ်ကောင် တို့၏ ပုံရိပ်က တဖြည်းဖြည်း နီးကပ်လာသည်။

ရဲ့လင်းချန်သည် လိပ်အိုကြီး၏ ကျောပေါ်တွင် လှဲရင်း ကောင်းကင်ကို လှမ်းကြည့်နေသည်။

"ဟေ့ လိပ်အိုကြီး၊ ငါ့ကို အမှန်အတိုင်းပြော၊ မင်း မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းသွားပြီ မဟုတ်လား၊ ပြီးတော့ မင်း အသက်ရှင်နေတာ ဘယ်လောက် ကြာပြီလဲ၊ ငါ လိပ်ဘာသာစကား သင်ပြီးတဲ့အချိန်အထိ စောင့်နေလိုက်၊ ငါ မင်းနဲ့ သေချာပေါက် စကား ကောင်းကောင်း ပြောမယ်"

သူသည် တစ်ခဏမျှ ရပ်သွားပြီးမှ ဆက်ပြောလေသည်။

"အရင်တုန်းက ထန်ဘုန်းတော်ကြီး အနောက်ဘက်ကို ခရီးသွားတုန်းက သူ့ကို မြစ်ကို ဖြတ်ကျော်နိုင်အောင် ကူညီပေးခဲ့တာ မင်း မဟုတ်လား၊ မင်း မဟုတ်ရင် မင်းရဲ့ ဘိုးဘေး ဖြစ်နိုင်ချေများတယ်"

လိပ်အိုကြီးက ခပ်အုပ်အုပ် အသံ ပြုလာသည်။ ရဲ့လင်းချန်က လိပ်ဘာသာစကားကို မသင်ရသေးတာတောင်မှ ၎င်း၏အသံမှ မကျေနပ်ချက်ကို ကြားရပါသည်။

"ပြီးရော၊ ပြီးရော၊ အဲ့ကျွန်းကို ငါ မင်းအတွက် မှတ်ထားပေးတယ်၊ ငါ ချမ်းသာလာရင် သေချာပေါက် ဝယ်ပေးမယ်၊ ပြောင်းဖို့တော့ အချိန် မကျသေးဘူး"

ရဲ့လင်းချန်က အောင့်သက်သက် ပြုံးလိုက်သည်။ လိပ်အိုကြီးက ထိုအဖြစ်အပျက်ကို တွေးနေလိမ့်ဦးမည်ဟု သူ ထင်မထားမိပါ။

ဘဝ၏ ရုန်းကန်ခြင်း ပြီးသွားခဲ့စဉ်က ရဲ့လင်းချန်သည် ရိုက်ကူးရေးအဖွဲ့က သူ့အတွက် ပြင်းထားသော လမ်းကို မသုံးခဲ့သလို လေယာဉ်လည်း မစီးခဲ့ပေ။ ထိုအစား သူက ရေလမ်းကိုသာ ရွေးခဲ့သည်။

သူ့တွင် ရေဝိညာဉ် ခန္ဓာကိုယ် ရှိပြီး လိပ်အိုကြီးကိုလည်း အတူတူ ခေါ်လာခဲ့ရသည်။ ရေလမ်းကြောင်းက ပို၍ အဆင်ပြေလေသည်။

တစ်ချိန်တည်းမှာပင် သူသည် ကျွန်းတစ်ချို့ကို ကြည့်နိုင်သည့် အခွင့်အရေးကိုလည်း ရခဲ့သည်။ ရဲ့လင်းချန်၏ အစီအစဉ်တွင် ကျွန်းတစ်ကျွန်း ဝယ်ရန် ပါဝင်သည်။ ထို့အပြင် လိပ်အိုကြီးလည်း ရှိနေသဖြင့် ကျွန်းတစ်ကျွန်း ရှိခြင်းက ပို၍ အဆင်ပြေသည်။ ၎င်းက သူ အခိုင်အမာ လိုချင်နေသော အစီအစဉ်၏ အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now