Chapter 511

295 23 0
                                    

စာစဉ် 35 Chapter 511 သူက ဘယ်လောက် သန်မာနိုင်မှာမို့လို့လဲ

ထွက်ပေါက် ပိတ်သွားသောအခါ ရဲ့လင်းချန်၏ မျက်ခုံးများ မသိမသာ လှုပ်သွားသည်။ သို့သော် သူ စိုးရိမ်ခြင်း လုံးဝ မရှိပေ။

ဤသို့ ထူးခြားသော ဓာတ်ခွဲခန်းနှင့်ဆိုလျင် အပြင်ပန်းအတိုင်း ရိုးရှင်းနေမှသာလျင် အံ့ဩစရာ ဖြစ်ပေလိမ့်မည်။

"ရဲ့လင်းချန်၊ ငါတို့ ငါးထပ်မှာ ရှိတယ်၊ ငါတို့ ထပ်တွေ့တဲ့ မြင်ကွင်းကို ငါ မြင်ယောင်ကြည့်ဦးမယ်ကွ ..."

သခင်လေး ထာခဲရှီ၏ အထင်အမြင်သေးသော အသံကို လေးဖက်လေးတန်နံရံများမှ ကြားလိုက်ရသည်။

"မင်း ငါ့ရှေ့ကို ဒူးထောက်ပြီး လှမ်းလာသရွေ့ မင်းအသက်ကို ချမ်းသာပေးဖို့ ငါ စဉ်းစားပေးမယ်"

ရဲ့လင်းချန်သည် စောင့်ကြည့်ကင်မရာကို စိုက်ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါ မင်းနဲ့တွေ့ဖို့ ဒီကို လာတာ မဟုတ်ဘူး၊ ငါ မင်းအလောင်းကို ကောက်ဖို့ ဒီကိုလာတာ"

"ဟဲဟဲဟဲ မင်းက မောက်မာနေတဲ့ အရူးတစ်ယောက်သက်သက်ပဲ၊ မင်း ဒီကို ဒူးထောက်ပြီး လှမ်းလာတာကို ငါ စောင့်နေတယ်"

သခင်လေး ထာခဲရှီ စကားပြောပြီးသည်နှင့် ဖန်ပြောင်းချောင်များထဲမှ သတ္တဝါ ၁၂ ကောင်က စတင် လှုပ်ရှားလာပြီး အရည်များက ပွက်ပွက်ဆူလာသည်။ ထို့နောက် ကြမ်းကြုတ်သော မာန်ဖီသံများ ထွက်ပေါ် လာ၏။

ကြောက်စရာကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်က အခန်းတွင်း ပြည့်နှက်လာ၏။

"ဂျွတ်"

ဖန်ပြောင်းချောင်များထဲမှ တစ်ခုတွင် အက်ရာတစ်ခု ပေါ်လာပြီး အက်ကြောင်းက လျင်မြန်စွာ ပျံ့နှံ့လာ၏။ ထိုအက်ရာများမှ ဓာတုဆေးရည်များစွာ စိမ့်ထွက်လာသည်။

၎င်းသည် ဝံပုလွေတစ်ကောင် ဖြစ်ပြီး ကျောကုန်းက ဖြူတစ်ကောင်ကဲ့သို့ ရှည်လျားသော ဆူးချွန်များ ပေါက်နေသည်။ ၎င်း၏ မျက်လုံးများက ကျောချမ်းဖွယ်ကောင်းအောင် အစိမ်းရောင် လက်နေသည်။ ၎င်းသည် အေးစက်၍ ခံစားချက်ကင်းမဲ့ပုံ ပေါ်နေ၏။ လက်ရှိတွင် ၎င်း၌ ဘာဉာဏ်ရည်မှ မရှိပါ။ ၎င်း၏ စိတ်ထဲ၌ရှိသော တစ်ခုတည်းသော အရာမှာ အရှေ့မှ လူသားကို တစ်စစီ ဆွဲဖြဲရန်သာ ဖြစ်သည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now