စာစဉ် 28 Chapter 416 ဆေးပင် စုဆောင်းတဲ့အခါမှာ အမြစ်ကို ချန်ခဲ့ပါ
ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ နှစ်ယောက်လုံးက ရဲ့လင်းချန်ကို ဆွံ့အစွာ ကြည့်နေကြသည်။
"ရှောင်ရင်၊ လင်းချန်က ဘယ်လို ချက်ပြုတ်ရမလဲ သိလား"
ဟူယွဲ့အာက မယုံနိုင်ဟန်ဖြင့် နူးညံ့စွာ မေးလာသည်။
ကျောက်လျန့်ရင်က ဟူယွဲ့အာကို သိပ်သဘောမကျသော်လည်း သူမ၏ မပျော်ရွှင်မှုကို စိတ်ထဲမှာသာ ထားထားရသည်။ ရဲ့လင်းချန်ရှေ့၌ သူမပုံရိပ်ကို ထိန်းသိမ်းချင်သဖြင့် ဟူယွဲ့အာက ထိုသို့ မေးလာသောအခါ သူမ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"သူ သိတယ်၊ ပြီးတော့ သိပ်အရသာ ရှိတယ်၊ အရင်တစ်ခါတုန်းက သူ ကျွန်မအတွက် ယာဂု လုပ်ပေးဖူးတယ်၊ အမျိုးအစား အများကြီး မပါပင်မယ့် အရသာ ရှိတယ်"
ကျောက်လျန့်ရင်သည် ထိုယာဂုကို တွေးမိရုံနှင့် အရသာကို လျှာပေါ်မှာ ပြန်ခံစားမိနေပါသေးသည်။ ယင်းက ငါးယာဂု ဖြစ်သည်ကိုလည်း သူမ မှတ်မိသည်။
ဟူယွဲ့အာက ကျောက်လျန့်ရင်ကို တောက်ပသော မျက်လုံးများနှင့် ကြည့်ကာ မေးလေသည်။
"မင်းတို့နှစ်ယောက်က ဆုံဖူးတာလား၊ သူနဲ့ နင့်ရဲ့ ဆက်ဆံရေးက ဘာလဲ"
ကျောက်လျန့်ရင်၏ မျက်လုံးများက မှုန်ဝါးလာပြီး စိတ်ထဲမှ ကျိတ်ပြုံးလိုက်မိသည်။ သူမ အတိုင်းအတာတစ်ခုအထိ သည်းခံထားပြီး ဖြစ်ကာ တစ်ဖက် မိန်းကလေး၏ စိတ်ဝင်စားမှုကို ရိုက်ထုတ် ချင်နေသည်။ သို့မှသာ သူမ မတတ်သာဘဲ နောက်ဆုတ်သွားပေလိမ့်မည်။
"ကျွန်မက လင်းချန်ရဲ့ ကုမ္ပဏီလက်အောက်မှာ အလုပ်လုပ်တာလေ၊ ကျွန်မတို့က မကြာခဏ တွေ့ဖူးတယ်၊ သူက ကျွန်မရဲ့ အခင်ဆုံး သူငယ်ချင်း ရှောင်ဖေးဖေးနဲ့ သိပ်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်"
ကျောက်လျန့်ရင်က အသံကို နှိမ့်ထားပြီး ဟူယွဲ့အာအား ဂုဏ်ယူသောအကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
ဟူယွဲ့အာ မသိမသာ မျက်မှောင်ကြုတ်နေပြီး အရာအားလုံးကို သူမဘာသာသူမ စဉ်းစားတွေးတောနေ၏။
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️