စာစဉ် 31 Chapter 457 မင်းဘာသာ မှန်ထဲ ကြည့်ကြည့်လိုက်
ချောင်ရှန်ရှန်၏ နှုတ်ခမ်းများ တုန်နေသည်။
"ကျွန်မ ..."
ရဲ့လင်းချန်က သူမစကားကို ဖြတ်၍ လိုရင်းကို ပြောလိုက်သည်။
"မင်းမျက်နှာကို ဖုံးထားတဲ့ အဝတ်စကို ဖယ်လိုက်ပါ"
"ဖယ် ... ဖယ်ရမှာလား"
ချောင်ရှန်ရှန်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူမမျက်ဝန်းတွင် သိမ်ငယ်သော အမူအရာများ ပေါ်နေသည်။
"မင်း မဖယ်ရင် ငါ ဘယ်လိုလုပ် မိတ်ကပ် လိမ်းပေးလို့ ရမှာလဲ"
ရဲ့လင်းချန်၏ အသံက တည်ငြိမ်ပြီး ခံစားချက် ကင်းမဲ့နေသည်။
"မြန်မြန်လုပ်လေ"
"မိတ်ကပ်က တကယ်ပဲ ကျွန်မမျက်နှာကို ကယ်နိုင်မလား"
ချောင်ရှန်ရှန်က သူမမျက်နှာကို ဖုံးထားသည့် အဝတ်စကို လက်ဖြင့်ကိုင်၍ သနားခံသော မျက်ဝန်းတို့ဖြင့် ကြည့်လေသည်။
"ငါ လုပ်နိုင်တယ်လို့ ပြောရင် လုပ်နိုင်တယ်"
ရဲ့လင်းချန်နှင့် ချောင်ရှန်ရှန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
"မင်း ငါ့ကို မယုံဘူးဆိုရင် မင်းစိတ်နဲ့မင်း ထွက်သွားချင်လည်း ရတယ်၊ ငါ ဖိအားမပေးဘူး"
ချောင်ရှန်ရှန်၏ အကြည့်က အနည်းငယ် ဝေခွဲမရဟန် ပေါ်နေသော်လည်း နောက်ဆုံးတွင် သူမ ဆုံးဖြတ်ချက် ချလိုက်သည်။
"ကောင်းပြီလေ၊ ကျွန်မ ရှင့်ကို ယုံတယ်"
ထိုသို့ပြောပြီးနောက် သူမက မျက်လုံးမှိတ်၍ သူမမျက်နှာပေါ်မှ အနက်ရောင် အဝတ်စကို ဖယ်ရှား လိုက်လေသည်။
လက်ရှိတွင် သူမသည် အာရုံစိုက်စရာ ဖြစ်နေသည်။ ယင်းက လူအုပ်ကြီးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွား စေသည်။
"လခွမ်း တကယ်ကြီး ချောင်ရှန်ရှန်ပဲ"
"သူ ရုပ်ဆိုးသွားပြီပဲ၊ သူ့မျက်နှာက အစက သိပ်လှတာကို၊ သနားစရာ ကောင်းလိုက်တာ"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
Viễn tưởngChapter 401-600 I don't own this story!! All credit goes to Original Author! ✍️