Chapter 482

289 25 0
                                    

စာစဉ် 33 Chapter 482 ရူးသွပ်နေခြင်း

"ဘာ၊ ဒါ မင်း တော်တော်လေး အတင့်ရဲလွန်းနေပြီ မဟုတ်လား"

"မင်းက အခြားသူတွေကို Vatti အမှတ်တံဆိပ်နဲ့ သူတို့ လုပ်ချင်တာ လုပ်ဖို့ ခွင့်ပြုထားတာပဲ၊ မင်း ရူးနေပြီ"

"မြတ်စွာဘုရား၊ ဒီလို ဆုံးဖြတ်ချက်မျိုး ချဖို့အတွက် မင်းဦးနှောက်က ဘယ်လောက်တောင် ရှုပ်ထွေး နေလိုက်မလဲ"

"အခြားသူတွေကို Vatti အမှတ်တံဆိပ်ကို ပေးငှားပြီး သူတို့ ရလာတဲ့ ပိုက်ဆံကို မျှဝေတယ် ဟုတ်လား၊ ဒါ အနိုင်ကျင့်တာပဲ"

...

လူတိုင်း၏ စိတ်ထဲ၌ ဗလာ ဖြစ်နေသည်။ သူတို့သည် မာတင်အား မယုံနိုင်ဟန်ဖြင့် ကြည့်နေပြီး သူတို့အချင်းချင်း စတင် ပြောဆိုလာကြသည်။

ဥက္ကဋ္ဌာမာ၏ အမူအရာသည်လည်း မည်းမှောင်နေသည်။ သူက မာတင်ကို ရုတ်တရက် စူးစူးရဲရဲ ကြည့်လာပြီး သူ့အသက်

"မာတင် ဒီလိုကိစ္စမျိုး တကယ် ဖြစ်ခဲ့လား"

ဥက္ကဋ္ဌမာ၏ အသံက အနည်းငယ် တုန်ယင်နေသည်။

မာတင် ကြက်သီးထသွားပြီး မော့မကြည့်ရဲချေ။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သတ္တိမွေး၍ ပြောလိုက်ရုံသာ ရှိသည်။

"ဟုတ်ကဲ့ ..."

အစက သူသည် အခြေအနေကို မတင်ပြခင် ဆရာရဲ့၏ ဒီဇိုင်းက တန်ဖိုးကြီးဈေးကွက်၌ အောင်မြင်စွာ လွှမ်းမိုးသည်အထိ စောင့်ချင်ခဲ့သည်။ ယင်းက သူ့ဖခင်၏ ဒေါသကို ဖြေဖျောက်ပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ သို့သော် သူ့လျှို့ဝှက်ချက်များကို သူ့အစ်ကိုက သိနေလိမ့်မည်ဟု သူ ထင်မထားမိပေ။

သူ့အစ်ကိုက သူ့ကို အလွန် စိတ်ဝင်တစား ရှိပုံရသည်။

"ဒုန်း"

ဥက္ကဋ္ဌမာက စူးခနဲ ကြည့်၍ စားပွဲကို ရိုက်ချလိုက်သည်။ သူက မိုးကြိုးပစ်ချလိုက်သကဲ့သို့သော အသံဖြင့် အော်ဟစ်လေသည်။

"မင်း ရူးနေပြီ"

"မင်းက Vatti တစ်ခုလုံးကို လောင်းကြေးထပ်နေတာပဲ"

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now