Chapter 517

177 13 0
                                    

စာစဉ် 35 Chapter 517 မင်းက သန္ဓေပြောင်းလဲခြင်းကို အားကိုးပင်မယ့် ငါက ကျင့်ကြံခြင်းကို အားထားတယ်

"ဝုန်း"

အကြီးအကဲ ဟီရှီုရှီ၏ ခန္ဓာကိုယ်က လွင့်ထွက်သွားလေသည်။ သူသည် လေထဲ၌ လွင့်သွားပြီးနောက် ခပ်လှမ်းလှမ်းမှ နံရံနှင့် ဝင်တိုက်သဖြင့် မာကျောလှသော နံရံတွင် လူပုံစံ ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်လာလေသည်။

ဖုန်များ တထောင်းထောင်း ထလာ၏။

ထို့နောက် သူတို့သည် တစ်လက်မလေးမှ မရွေ့သည့် ရဲ့လင်းချန်အား လှမ်းကြည့်မိလိုက်ကြသည်။

သူသည် လက်သီးဖြင့် ထိုးလိုက်သည့် ပုံစံကို ထိန်းထားပြီး နေရာ၌ မယိမ်းယိုင်သော ထင်းရှူးပင်ကဲ့သို့ မတ်မတ် ရပ်နေသည်။

"ဂလု"

အခန်းထဲ၌ လူတိုင်း တံတွေးကို မနည်းမျိချုလိုက်မိသည်။ သူတို့၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်လာပြီး ဘာပြောရမှန်းမသိ ဖြစ်နေကြသည်။

"သူ တစ်ကွက်တောင် ခံနိုင်မှာ မဟုတ်ဘူး"

အကြီးအကဲ ဟီရှိုရှီ၏ စကားက သူတို့နားထဲ၌ ပဲ့တင်ထပ်နေဆဲ ဖြစ်သော်လည်း ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေက အတော်လေး ဆိုးရွားလှသည်။

သခင်လေး ထာခဲရှီ၏ မျက်လုံးများက ကျွတ်ကျမတတ် ဖြစ်နေကာ ပါးစပ် အဟောင်းသား ဖြစ်နေ၏။ အကြီးအကဲ ဟီရှိုရှီ၏ ကြီးကျယ် ခမ်းနားပုံနှင့် မာနကြီးပုံတို့က သူ့စိတ်ထဲ စွဲထင်နေဆဲ ဖြစ်သည်။ မသင့်တော်သော အခြေအနေသာ မဟုတ်ပါက သူ "ဝမရှိဘဲ ဝိမလုပ်ချင်နဲ့" ဟု ပြန်ပြောမိလောက်သည်။

"အဟွတ် အဟွတ်"

ဖုန်များ ငြိမ်သွားပြီးနောက် အကြီးအကဲ ဟီရှိုရှီ၏ ချောင်းဆိုးသံကို ကြားလိုက်ရသဖြင့် သူတို့ လှမ်းကြည့် လိုက်ကြသည်။

သူ၏ ဆံပင်ဖြူများက ပုံပျက်နေပြီး ပါးစပ်ထောင့်၌ သွေးများ ကပ်ညိနေသည်ကို သူတို့ မြင်လိုက်ရသည်။ သူ့လက်သီးက ညွတ်ကျနေသည်။ သူ့ပခုံးမှ ကြွက်သားများတောင်မှ စုတ်ပြဲနေလေသည်။ သူ၏ ခန္ဓာကိုယ်က တုန်ခါနေပြီး ရဲ့လင်းချန်အား မယုံနိုင်ဟန်တို့ ပြည့်နေသော အကြည့်ဖြင့် ကြည့်နေသည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now