စာစဉ် 33 Chapter 493 တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း စပါပြီ
"တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းလား၊ အဲ့ဇာတ်လမ်းကို လူတော်တော်များများက စိတ်မဝင်စားဘူးလေ၊ ဟုတ်တယ်မလား၊ နာမည်နဲ့တင် ပျင်းဖို့ကောင်းတယ်"
"ငါလည်း အဲ့လိုထင်တယ်၊ အဲ့ဒီ ဘဝသရုပ်ဖော် ဇာတ်လမ်းတွေက အမြဲတမ်း အတူတူပဲ၊ ညံ့မယ်ဆိုတာ သေချာတယ်"
"ဒီလို ဇာတ်လမ်းတွဲမျိုးက အရမ်း ပျင်းဖို့ကောင်းတယ်၊ ဘာတွေက အရမ်းကောင်းနေလဲ မသိဘူး"
"ငါ အဲ့ဒါတွေကို သိတယ်၊ ဒါပေမဲ့ ဒီဇာတ်လမ်းတွဲကို သရုပ်ဆောင်ဝိုင်က ထောက်ခံထားတာလေ၊ အရင်တုန်းက ဟော်ရန်ကျားကိုလည်း အထင်သေးခဲ့တာပဲ၊ ဒါပေမဲ့ နောက်ဆုံးကျတော့ အံ့ဩစရာတွေ ဖြစ်လာတယ်မလား၊ အနည်းဆုံးတော့ သူ့ရဲ့ ဇာတ်ညွှန်းရေးတဲ့ အရည်အချင်းက သိပ်ကောင်းတယ်၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ငါတို့ကို စိတ်မပျက်စေလောက်ဘူးလို့ ထင်တာပဲ"
"ဟော်ရန်ကျားက တစ်ခါစာတည်းပါကွာ၊ တကယ်လို့ သရုပ်ဆောင်ဝိုင်သာ သူ့မျက်နှာကို ပြပြီး ဝင်ရိုက်မယ်ဆိုရင် ငါ တစ်ခုခုကို မျှော်လင့်မိလောက်တယ်၊ မင်းက သူ့ကို ဖျာလိုလိပ်ပြီး ခေါင်းပေါ် တင်ထားတယ်လို့ ငါ ထင်တာပဲ"
"ဟုတ်တယ်၊ ရှောင်ဖေးဖေးကိုပဲကြည့်လေ၊ ရုပ်သံဇာတ်လမ်းတွဲ ဘုရင်မဆိုတဲ့ သူ့ရဲ့ နောက်ခံကို စွန့်လွှတ်ပြီးတော့ စင်နောက်ကို ဆုတ်သွားတယ်၊ သူ ထုတ်လုပ်တဲ့ ပထမဆုံး ဇာတ်လမ်းတွဲကလည်း လိုအပ်ချက်တွေနဲ့ ပြည့်နေမှာ သေချာတယ်၊ သူတို့အတွက် မကျဆုံးတာက ကံကောင်းနေပြီလို့ ပြောလို့ရတယ်"
"ဒါပေမဲ့ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ အဆင့်က မဆိုးလောက်ဘူးလို့ ငါ ခံစားနေရတယ်၊ ဘာပဲပြောပြော လီထိုက်လို ဒါရိုက်တာအပြင် ရှောင်ဖေးဖေးနဲ့ သရုပ်ဆောင်ဝိုင်ရဲ့ ကျော်ကြားမှုကိုပါ ပေါင်းလိုက်ရင် သူတို့ အနည်းဆုံး ၀.၆ လောက်တော့ ရလောက်တယ်မလား"
...
အမည်မသိ နေရပ်တစ်ခုမှ အမည်မသိ အိမ်တစ်လုံး၌ ...
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️