Chapter 425

394 29 1
                                    

စာစဉ် 29 Chapter 425 မင်းက နတ်ဆိုးလား

မေးခွန်း ဆယ်ခုအပြီးတွင် ရဲ့လင်းချန်က ခေါင်းခါလိုက်ပြီး ပျင်းရိလာသလို စတင် ခံစားလာရသည်။

"ဘာမေးခွန်းမှ ထပ်မမေးတော့ဘူး၊ ပျင်းဖို့ကောင်းတယ်"

*ပြိုင်ဘက်ကင်းရတာ ဘယ်လောက် အထီးကျန်ဖို့ ကောင်းလိုက်လဲကွာ*

ထိုမေးခွန်းကို ရဲ့လင်းချန် မဖြေနိုင်သော်လည်း လတ်တလောတွင် သူ အမှန်တကယ် အထီးကျန်သလို ခံစားနေရသည်။ တစ်ကမ္ဘာလုံး၌ သူ့ကို ယှဉ်နိုင်မည့်သူက လက်ဆယ်ချောင်းပင် မကျော်နိုင်လောက်ပါ။

မသိသူများကို တစ်ခါတရံ အနိုင်ကျင့်ခြင်းက ပျော်စရာကောင်းသော်လည်း တစ်ချိန်လုံး လုပ်နေလျင် အနည်းငယ် ပျင်းစရာ ကောင်းပေသည်။

"မရပ်နဲ့၊ တစ်ခုပဲ ထပ်မေးပါ၊ နောက်ဆုံး မေးခွန်းတစ်ခုပဲ"

"ဟုတ်တယ်၊ ငါတို့ အခုမှ မင်းရဲ့ပုံစံကို သိခါစရှိသေးတယ်၊ မင်း ကြောက်နေတာလား"

"ငါတို့ကို နောက်ဆုံး အခွင့်အရေး တစ်ခုပဲ ပေးပါ၊ ဒီတစ်ခါတော့ ငါတို့ သေချာပေါက် မှန်မှာ"

ရဲ့လင်းချန်သည် ကစားရသည်ကို ပျင်းနေသော်လည်း အခြားသူများက အနိုင်ကျင့်ခံရခြင်း၌ မွေ့လျော်နေ၏။ သူတို့က တစ်ယောက်ပြီး တစ်ယောက် သူ့ကို တိုက်တွန်းနေပြီး မသိလျင် နောက်ဆုံး တိုက်ပွဲနှင့် ရင်ဆိုင်တော့မည့်သူများဟု ထင်မှတ်မှားရသည်။

"ကောင်းပြီလေ နောက်ဆုံးမေးခွန်း"

ရဲ့လင်းချန် မတတ်သာစွာနှင့် ပခုံးတွန့်ပြလိုက်သည်။

"ဒါက မေတ္တာလက်ဆောင်ပဲ၊ ဒီတစ်ခုကို မဖြေနိုင်ရင်လည်း ကျွန်တော့်ကို အဆိုးမဆိုနဲ့နော်"

"မြန်မြန်ပြော၊ ရှင် ကျွန်မတို့ကို လိမ်လို့မရဘူးနော်၊ ဒါ လက်ဆောင် ဖြစ်မှကိုရမယ်"

ကျောက်လျန့်ရင်က ပျော်ရွှင်စွာနှင့် ခပ်မြန်မြန် ပြောလိုက်သည်။

"ဟားဟားဟား ရဲ့နတ်ဘုရား၊ မင်းက မင်းအတွေးထဲကို သိနိုင်အောင် ခွင့်ပြုပေးနေတာပဲ၊ မင်းက ငါတို့ကို မေတ္တာလက်ဆောင် ပေးရဲတယ်ဆိုရင် ငါက မှန်အောင် ဖြေရဲတာပေါ့"

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now