Chapter 528

158 13 0
                                    

စာစဉ် 36 Chapter 528 မင်းက ငါ့ကို အပြစ်တင်နေတာလား

တစ်ဒါဇင်မျှသော ဓားများနှင့် ရင်ဆိုင်ရသောအခါ ရဲ့လင်းချန်သည် နောက်ဆုတ်မည့်အစား အရှေ့သို့ လျှောက်လာသည်။

တစ်လှမ်း၊ နှစ်လှမ်း ...

သူ၏ ခြေလှမ်းသည် သားကောင်ကို ချောင်းနေသော ကျားတစ်ကောင်ကဲ့သို့ နှေးကွေး၍ တည်ငြိမ်ပြီး သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါသည် ဘေးပတ်ဝန်းကျင်၌ လေပြင်းတိုက်ခတ်လာစေသည်။

"ယီးပဲ သေမင်းက အနားရောက်လာတာတောင်မှ မင်းက ဟန်လုပ်ချင်နေသေးတယ်ပေါ့လေ၊ ငါတို့ ရုပ်ရှင် ရိုက်နေတယ်လို့များ ထင်နေလား"

ရဲလင်းချန်၏ ပုံစံက ဟန်ထုတ်နေပုံ ပေါ်နေပြီး အမုန်းလှိုင်းများကို အောင်မြင်စွာ ဆွဲဆောင်သွားနိုင်ခဲ့သည်။ သူ၏ ချောမောသော ရုပ်ရည်အား လောကအား အထင်သေးတတ်သော ပုံစံနှင့် ပေါင်းလိုက်သောအခါ ယောက်ျားချင်း မျက်မုန်းကျိုးခြင်းကို အလွယ်တကူ ဆွပေးသွားသည်။

ဘေးလူများ ချက်ချင်း ပင့်သက်ရှိုက်မိသွားသည်။ သူတို့သည် ရဲ့လင်းချန်အား အလန့်တကြားနှင့် မယုံနိုင်သလို ကြည့်နေသည်။

အခြေအနေက ပြင်းထန်၍ စိတ်လှုပ်ရှားစရာ ကောင်းနေပြီး တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်၏ သတ္တိကို သူတို့ လေးစားမိသည်။ သူတို့ တစ်ခဏမျှ ငေးငိုင်ကာ ဘာမှမတွေးနိုင် ဖြစ်နေကြသည်။

*နီးလာပြီ*

*သူ ပိုပြီး နီးလာပြီ*

အေးစက်စက် အလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာလေသည်။

လူနှစ်ယောက်သည် ရဲ့လင်းချန်ရှေ့သို့ ပြေးလာပြီး ရက်စက်ခက်ထန်သော အပြုံးများ ပြုံးနေကြသည်။ သူတို့ နှစ်ယောက်လုံးက ဓားကို လွှဲယမ်းလာကြပြီး ရဲ့လင်းချန်အား အချိန်မရွေး ထက်ပိုင်း ပိုင်းနိုင်စွမ်း ရှိသည်ဟု ထင်နေပုံ ရသည်။

"မျိုးမစစ်လေး သေပေတော့"

သူတို့၏ လုပ်ရပ်များက အညှာအတာ ကင်းမဲ့ပြီး ဓားများထံမှ လေတိုးသံများ ထွက်ပေါ်လာသဖြင့် မြင်ကွင်းက အလွန် ကြောက်ရွံ့စရာ ကောင်းပေသည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now