စာစဉ် 33 Chapter 488 ဂုဏ်ယူရသည့် အခိုက်အတန့်
"တန်ဖိုးကြီး ပစ္စည်း ဟုတ်လား"
လူတိုင်း ထိတ်လန့်တကြား ဖြစ်သွားကြသည်။ သူတို့က ကျောက်လျန့်ရင်ကို တအံ့တဩ ကြည့်နေပြီးနောက် စိတ်လှုပ်ရှားစွာ အော်ဟစ်ကြလေသည်။
"အား .... တန်ဖိုးကြီး ပစ္စည်းတဲ့"
ချန်မိန်ကျားက ပြေးတက်လာပြီး ကျောက်လျန့်ရင်၏ အိတ်ကို မမှိတ်မသုန် ကြည့်နေသည်။ သူမက ၎င်းကို ရှားပါး ရတနာသဖွယ် ကြည့်နေပြီး ကိုင်ကြည့်ချင်သော်လည်း တစ်ချိန်တည်းမှာပင် တုံ့ဆိုင်းမိနေ၏။
"ကိုယ့်ကိုယ်ကိုယ်အတွက် တန်ဖိုးကြီး ပစ္စည်းတစ်ခုလောက် ဝယ်ဖို့ အမြဲ စိတ်ကူးယဉ်နေခဲ့တာ၊ ကျွန်မတို့ နိုင်ငံမှာ ကိုယ်ပိုင် တန်ဖိုးကြီးပစ္စည်းတစ်ခု ရှိလာလိမ့်မယ်လို့ မထင်ထားမိဘူး"
မိန်ကျားက စိတ်လှုပ်ရှားစွာ လက်သီးဆုပ်နေသည်။
"မင်းပါးစပ်ထောင့်က သွားရေတွေကို သုတ်လိုက်ဦး၊ ဒီမှော်ပစ္စည်းပေါ် မပေစေနဲ့"
လုရှောင်ပုက ချန်မိန်ကျားအား ခပ်မြန်မြန် တွန်းထုတ်ပြီး အိတ်အား ငေးကြည့်၍ ငိုင်တွေနေသည်။
"ငါ့မှာသာ ဒီအိတ် ရှိရင် ငါ အချစ်ပြိုင်ပွဲမှာ အနိုင်ရနေပြီ မဟုတ်လား"
"ကျွန်မ ကိုင်ကြည့်လို့ ရမလား"
ဟူရီဖေးက ပို၍ တဲ့တိုးဆန်သည်။ သူမက ကျောက်စိမ်းကဲ့သို့သော သူမလက်လေးကို အိတ်ပေါ် တင်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ကျေနပ်သော အမူအရာ ဖြစ်ပေါ်လာသည်။
"ဝါး ... ဒီခံစားချက်က ... အရမ်း အံ့ဩဖို့ ကောင်းတာပဲ၊ ဒီအိတ်သာ ရှိရင် အခြားသူတွေက ဘယ်လို ယှဉ်နိုင်မှာလဲ"
"ငါလည်း ကိုင်ကြည့်ချင်တယ်"
ဝမ်ယွီနှင့် မိန်ကျားက ချက်ချင်း လိုက်လုပ်လေသည်။ သူမတို့ကလည်း တအံ့တဩ ရေရွတ်လာသည်။
"အေးလိုက်တာ၊ ကျောက်စိမ်းလိုပဲ"
"ငါတို့နိုင်ငံမှာ တန်ဖိုးကြီး ပစ္စည်း အမှတ်တံဆိပ် မရှိသေးဘူး မဟုတ်လား၊ ဒါက ပထမဆုံး လက်ရာပဲ"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️