စာစဉ် 28 Chapter 417 လူတွေကြားထဲမှာ အခြေခံအကျဆုံး ကိုယ်ကျင့်တရားက ဘာလဲ
"မင်းတို့ သုံးယောက် တော်တော်လေး ပင်ပန်းသွားခဲ့ရပြီပဲ၊ ပြီးတော့ မင်းတို့က ငါတို့ရဲ့ သူရဲကောင်းတွေပါပဲ၊ ကောင်းကောင်း နားကြပါ"
ဟယ်ကျားက ပြုံးနေသည်။
ငါးသည် အရသာ ရှိသော်လည်း ကိုင်တွယ်ရာ၌ အလွန် ဒုက္ခများသည်။ ၎င်းအား ကြေးခွံများ ဖယ်ရှားရမည် ဖြစ်ပြီး ကလီစာများကိုလည်း ရှင်းထုတ်ရမည်။ သို့မဟုတ်ပါက ငါးညှီနံ့က အသားထဲအထိ စိမ့်ဝင်နေနိုင်သည်။
ရဲ့လင်းချန်သည် ထိုသို့ကိစ္စများကို လုပ်ကိုင်ရာ၌ စိတ်ဝင်စားမှု မရှိပေ။ ထို့ကြောင့် ဟွမ်လေ့က လက်လွှဲယူ သွားသည်။
လူတိုင်း မနက်စောစော နိုးလာသဖြင့် လက်ရှိတွင် အချိန်က မနက် ကိုးနာရီသာ ရှိပေသေးသည်။ ရဲ့လင်းချန်နှင့် မိန်းကလေး နှစ်ယောက်သည် ပျင်းရိနေသဖြင့် အပြင်ဘက်၌ ထိုင်ပြီး မနက်ခင်း တောင်ပေါ်မှ ရှုခင်းအလှကို ခံစားနေကြသည်။
မနက်စောစောတွင် တောင်တန်းများသည် ကြည်လင်ပြတ်သားနေ၏။ တောင်တန်းတစ်ခုလုံးမှ စိမ်းလန်း စိုပြည်သော သစ်ပင်များကို မြင်နိုင်ပြီး လေထဲတွင် ပန်းမန်တို့၏ ရနံ့များနှင့် ပြည့်နေသည်ဟု ထင်မှတ်ရသည်။
"ရဲ့နတ်ဘုရား ဘာမှလုပ်စရာ မရှိဘူးဆိုတော့ ငါတို့ကို ပုံပြင် ပြောပြပါလား"
ဝေ့တရွှင်းက ထိုင်ခုံကို ရွှေ့၍ ဝင်ထိုင်ကာ ရဲ့လင်းချန်အား စိတ်လှုပ်ရှားစွာ ကြည့်လာသည်။
ယခင်က ရဲ့လင်းချန် ပြောခဲ့သော ပုံပြင်သည် သူ့စိတ်ထဲ၌ နက်ရှိုင်းစွာ စွဲထင်နေပြီး ညလယ်ခေါင်၌ သူ့အား အိပ်မပျော်နိုင် ဖြစ်စေခဲ့သည်။ သူ ကြောက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ ထိုအကြောင်းကို မတွေးဘဲ မနေနိုင် ဖြစ်ခဲ့သည်။ ဘာဆက်ဖြစ်သလဲ ဆိုသည်ကို သူ ကြားချင်သေးသည်။
"မပြောဘူး"
ရဲ့လင်းချန်က အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းခါလိုက်သည်။
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️