စာစဉ် 29 Chapter 422 ရိုးရှင်း၍ ပျင်းစရာကောင်းသော
နေ့လယ်စာက ငါးဟင်း သုံးမျိုးတည်း မဟုတ်ချေ။ ဟွမ်လေ့တွင်လည်း သူ၏ ကိုယ်ပိုင် စိတ်ကူးများ ရှိသည်။ သူသည် ပြောင်းဖူးပိုင်မုန့်၊ အားလူးပြုတ်ထောင်းနှင့် အခြား အရံဟင်းများကို ပြင်ဆင်ထားသည်။
ထိုဟင်းလျာများသည် ရဲ့လင်းချန်၏ ဟင်းလျာများနှင့် မယှဉ်နိုင်သဖြင့် အားလုံးက ငါးဟင်းလျာ သုံးမျိုးကိုသာ အာရုံစိုက် နေကြသည်။ သို့သော် သူတို့သည် စဉ်းစားဆင်ခြင်စိတ် ရှိသူများ ဖြစ်သဖြင့် ဟွမ်လေ့၏ ဟင်းအချို့ ကိုလည်း ယူစားကြသည်။
သူတို့ စားပြီးသည်နှင့် ကျောက်လျန့်ရင်က ငါးသုံးကောင် ဖမ်းမိသည့် သူမ၏ အောင်မြင်နှုနှင့် ပတ်သက်၍ ပျော်ရွှင်စွာ ကြွားဝါနေသည်။ အချိန်အများစု၌ ငါးကို ဖမ်းရာ၌ သူမ၏ အတွေ့အကြုံကို အသေးစိတ် ပြောနေခြင်း ဖြစ်လေသည်။
"လင်းချန် ညနေကျရင် ငါးတွေ ပိုဖမ်းဖို့ ငါ ဆုံးဖြတ်ထားတယ်၊ အဲ့ရေကန်မှာ ငါးတွေ အများကြီး ရှိသေးတယ်၊ ငါတို့ရဲ့ အရည်အချင်းနဲ့ဆိုရင် ငါတို့ ငါးဆယ်ကောင်ထက် ပိုပြီးတော့ အသာလေး ဖမ်းနိုင်တယ်လေ"
ကျောက်လျန့်ရင်က ကြွားဝါးသည်။
"ငါ သဘောတူတယ်၊ ငါတို့ ဒီမနက်က ငါးတွေ ပိုဖမ်းနိုင်တဲ့ အခွင့်အရေး ရှိခဲ့ပင်မယ့် လွတ်သွားတယ်လေ၊ ငါတို့ နည်းနည်းလောက် ပိုဖမ်းပြီး နောက်နေ့တွေအတွက် ချန်ထားရအောင်"
ဟူယွဲ့အာက ချက်ချင်း ဝင်ပြောသည်။ ရဲ့လင်းချန်က စိတ်ပျက်သလို အကြည့်လွှဲလိုက်သည်။
"မင်းတို့ နေ့တိုင်း ငါးစားရင် မငြီးငွေ့ဘူးလား"
သူ အစားအသောက်နှင့် ပတ်သက်၍ ဂျေးမများပါ။ သို့သော် သူ၏ အရသာရှိသော အချက်အပြုတ်က အခြားသူများ ချက်သော ဟင်းအား မစားနိုင်အောင် ဖြစ်သွားစေလောက်သည်။ ရဲ့လင်းချန်က သူ ပျော်သလိုသာ ပြုမူနေရုံဖြစ်ပြီး ဘဝအား ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခြင်းပင်။
"ဒီလောက် အရသာရှိတဲ့ ဟင်းကို စားရတာကို ငါ ဘယ်လိုလုပ် ငြီးငွေ့မှာလဲ၊ ငါ တစ်သက်လုံး စားနိုင်တယ်"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
Viễn tưởngChapter 401-600 I don't own this story!! All credit goes to Original Author! ✍️